Episode-24

3.6K 371 42
                                    

♡Unicode version♡

ကျောင်းဝန်းထဲကမြက်ခင်းပြင်စိမ်းစိမ်းကိုဖြတ်ပြီး သူ့လက်ကိုဆွဲကာ ဦးဆောင်ပြေးလွှားနေသည့် ချစ်လှစွာသောအကို။အကိုဘယ်ကိုဦးတည်ခေါ်ဆောင်နေသလဲ ရိပေါ်မသိပါ။အကို့လက်ကိုမလွှတ်တမ်းတွဲထားရသည်ကိုက ရိပေါ်အတွက် ကြောက်စိတ်ကင်းကင်းဖြင့် နေရာဒေသမရွေးခြေဆန့်ရဲသည့်သတ္တိတို့ကို ပေးစွမ်းသည်လေ။

"အကို..."

"မျက်လုံးမှိတ်ထားကောင်လေး..."

တနေရာအရောက်မိမိကိုခြေစုံရပ်စေကာ မျက်လုံးမှိတ်ခိုင်းသည်မို့ ရိပေါ်မှာလည်းရှောင်းကျန့်စကားကိုတသွေမတိမ်း။မျက်လုံးမှိတ်ပြီးသည်နှင့်ပုခုံးနှစ်ဖက်ကိုဖွဖွဖိစုတ်လို့ရှေ့ကိုတရွေ့ရွေ့တွန်းပို့နေသည့်ရှောင်းကျန့်ကြောင့် ရိပေါ်ခန္ဓာလေးလည်းထိုနေရာစီသို့အလိုက်သင့်။

"မျက်လုံးဖွင့်​ကြည့်တော့..."

"အကို!...ဒီဟာကဘယ်လို..."

ဘယ်ချိန်ကဘယ်လိုကျောင်းဝန်းထဲကcakeဆိုင်နဘေးရောက်လာမှန်းမသိသည့်အရုပ်စက်ကြီးကြောင့် ရိပေါမှာမျက်လုံးအဝိုင်းသားလေးနှင့်။အချိုဆုံးပြုံးနေသည့်ရှောင်းကျန့်က လက်ထဲမှဖဲကြိုးနီနီစည်းထားသည့်လက်ဆောင်ဖာလေးကို ရိပေါ်ရှေ့ထိုးပေးလာတယ်။

"ဘာလဲဟင်!..."

"ဖွင့်ကြည့်တော့သိရမှာပေါ့ကွ..."

နှုတ်ခမ်းလွှာလေးတွေကိုခပ်သာသာဖိကိုက်လိုက်ပြီးရှောင်းကျန့်လက်ထဲကလက်ဆောင်ဖာလေးမှဖဲကြိုးနီနီကိုရိပေါ်ဖြေးဖြေးချင်းဖြည်လိုက်တယ်။အထဲမှာရှိနေသည့်အရာက အကြွေစေ့ အပြည့်ပါသည့်ပန်းရောင်ဝက်စုဗူးလေး။

"ကိုယ့်ကောင်လေး ကျေနပ်ရဲ့လား..."

"အင်းအင်း!..."

တဆက်ဆက်ငြိမ့်ပြသည့်ခေါင်းလုံးလေးထက်မီးခိုးရောင်ဆံနွယ်တွေလှုပ်ခါရမ်းသွားတယ်။သဘောတကျထပ်ဖွမိတော့ မျက်လုံးတွေမှေးကျအောင် သွားတန်းညီညီကလေးပေါ်အောင်ရယ်ပြပြီး ချစ်စရာကောင်းပြနေပြန်တယ်။ထပ်ချစ်လို့သာရသေးရင် ဝမ်ရိပေါ်ဆိုသည့်ကောင်လေးကိုရှောင်းကျန့်ဒီထက်မက ချစ်လိုက်ချင်ပါသေးတယ်။

LOVE ME,OK![Complete]Where stories live. Discover now