Part28

806 38 0
                                        

Xiaozhanတစ်ယောက် အလုပ်ရှုပ်နေသည်။ရှုပ်တာက သူ့အလုပ်တွေမဟုတ်။wangပိုးရဲ့ အလုပ်တွေ။သူက ကုတင်ပေါ်ကနေ ထိုင်ပြီး ဟိုဟာလေးလုပ်ဦး ဒီဟာလေးလုပ်ပေးဦးနဲ့
ဒီကြားထဲမှာ ဟိုဟင်းလေးစားချင်လို့လုပ်ပေးဆိုတာ ပါသေး။ခြေထောက်ကမကောင်းသေးလို့ ကြည့်နေတာ ကောင်းလို့ကတော့ ပြန်ခိုင်းပြမယ်ဟွန့်။
"Zhangeရေ"
ဟော စတင်ပြီးတော့ ခေါ်ပါပြီ။
"လာပြီဟေ့"
လို့ လှမ်း‌ေအာ်လိုက်ပြီး သူရောက်သွားတော့
"ဘာဖြစ်လို့လဲ wangပိုး"
"ခြေထောက်ကလေ နာနေတယ် သိလား"
"အင်း အဲ့တော့"
"Zhange နမ်းရင် ပျောက်သွားမှာ အာ့ကြောင့်"
"Wangyibo ငါမအားဘူးနော် ပေါက်တက်ကရတွေလာမပြောနဲ့
ယောက်မနဲ့ခေါက်လိုက်မယ်"
"Zhangeကလဲ တကယ်ပြောနေတာပါဆို"
"ကဲ ငါမင်းပြောတာကို ချက်ရမှာလား မင်းပြောတာကိုနားထောင်ရမှာလား"
"ဟီး ချက်လေ ချက်တော့လေ သွား"
"ရုပ်ကအမျိုးမျိုးပဲ ဟွန့်"

"ထည့်စားလေ သားငယ်လေး"
"ဟုတ် စားတယ်မား"
"သားချက်တာနော် မား "
"သိပါတယ် မပြောချင်ဘူး မားကသူ့လက်ရာလေးစားချင်လို့ ချက်ပါဆိုတုန်းကတော့ ပင်ပန်းတယ်လေး ဘာလေးနဲ့ ခုကျတော့ တန်းချက်ပေးတာပဲ အော် အချစ် အချစ်"
"မားကလဲ အဲ့တုန်းက သားမအားဘူးလေ"
"တော်ပါ ခုကောအားလို့လား"
"နဲနဲပဲအားဝာလေ ဒီကကားထဲ မားသားငယ်လေးက ကျွန်တော့်ကို ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့"
"အဲဒါကတော့ မင်းလုပ်ပေးရမှာလေ သားငယ်လေး ခိုင်းသာခိုင်းသိလား"
"ဟုတ်"
"ဘာဟုတ်လဲ မင်းနော် ငါပင်ပန်းနေပြီ"
"ဟီး နောက်ပြီးကျရင် အားဆေးကျွေးမယ်နော်"
"ဘာအားဆေးလဲ သားငယ်လေး"
"ဗျာ အဲဒါက"
"မားကလဲ အားဆေးဆိုမှတော့ အားဆေးပေါ့ မစပ်စုပါနဲ့"
"အေးဟေ့ မပြောတော့ဘူး"

အခန်းထဲရောက်တော့ Wang yiboကကုတင်ပေါ်မှာထိုင်နေပြီး xiaozhanက ရေချိုးခန်းထဲမှာ ခြေလက်ဆေးနေသည်။
"Zhangeပြီးပြီလား"
"အင်း"
လို့ပြောပြီး Wang yiboဘေးမှာထိုင်လိုက်သည်။ပြီးတော့ လက်ကဒဏ်ရာတွေကို ကြည့်လိုက်သည်။
"အင်း ပျောက်နေပြီပဲ"
"Zhange"
"ပြောလေ"
"ကျွန်တော်အားဆေးပေးရဦးမယ်လေ"
"ပေးလေ"
Wang yiboက xiaozhanရဲ့ နှုတ်ခမ်းအောက်က မှဲ့လေးကို နမ်းလိုက်သည်။
"ရပြီ"
"ဘာလို့မှဲ့လဲ"
"ကျွန်တော်က အဲ့မှဲ့လေးကို သဘောကျလို့"
"ငါ့ကိုတော့ သဘောမကျဘူးဆိုတဲ့သဘောလား"
"မဟုတ်ပါဘူး အဲ့မှဲ့လေးကလေ"
လို့ပြောပြီး xiaozhanပေါင်ပေါ်ကို ခေါင်းတင်နေလိုက်သည်။
"အင်း"
"သူက zhangeနဲ့ အမြဲတမ်းမခွဲခွာဘဲနေရတယ် zhangeရယ်နေရင်ပဲဖြစ်ဖြစ် ငိုနေရင်ပဲဖြစ်ဖြစ် သူကအမြဲတမ်းရှိနေတာ ကျွန်တော်လဲ အဲ့လိုဖြစ်ချင်တာ"
"ခုလဲ မင်းငါ့အနားမှာရှိနေတာပဲလေ"
"ကျွန်တော်အမြဲတမ်း zhangeနားမှာပဲ ကပ်နေချင်တာ ဘယ်သွားသွားဘယ်လာလာ"
"နေပေါ့ ဘယ်သူကမနေနဲ့လို့ ပြောနေလို့လဲ"
"မပြောပါဘူး ဒီလိုပဲ"
"အင်းပါ အိပ်တော့လေနော်"
"ဒီတိုင်းပဲ အိပ်မှာနော်"
"သိပါတယ် ဒီတိုင်းပဲအိပ် ဟုတ်ပြီလား"
"ဟုတ်"

Director Xiao and Actor wang(Complete)Où les histoires vivent. Découvrez maintenant