Chapter (4.3)

7.7K 1.1K 14
                                    


                {Unicode}

" အဲ့ခွေး က ကျွန်တော့်လောက် ရန်လို နိုင်မှာတဲ့လား ''

ကျန်းရှုက ရှုပေါ်စုကို ကပ်သီးကပ်ဖဲ့ ပြောလိုက်တယ်။ ရှုပေါ်စု လေး ခမျာတော့ သူ့ပါးစပ် သူပဲ ပိတ်ထား လိုက်တော့တယ်။ နောက်တော့လည်း ခါးသီးနေတဲ့ အပြုံးလေး တစ်ခုသာ ပြုံးပြ နိုင်လိုက်တော့တယ်။

" သွားရအောင်....''

အခုချိန်က မနက် ၆ နာရီ  ဖြစ်နေတာ ကြောင့် ရှုမိသားစု တွေ မနိုးသေးပါဘူး။ ဗီလာရဲ့ ဧည့်ခန်း ထဲမှာတော့ အလင်းရောင် မိန်မိန်လေးသာ ထွန်းထားလေတယ်။ ဒါပေမယ့် အခန်းထဲက ကျယ်ဝန်းပြီး ဇိမ်ခံ ပစ္စည်းတွေ ကို ကျက်သရေ ရှိစွာ မြင်တွေ့နိုင်လေတယ်။

  ဒါပေမယ့် အခုထိ ကျန်းရှုက သူ့ကို မယုံသေး ပါဘူး။ ဘာလို့လဲ ဆိုတော့ အရင်က လူချမ်းသာ ကောင်က လှည့်ဖျားမှုတွေ လုပ်ပြီး အပြစ်ကနေ ရှောင်တိမ်းတယ် လို့ သူကြားဘူး လို့ပဲ ဖြစ်လေတယ်။ အဲ့လို လိမ်သွားတဲ့ ကောင်ကလည်း ဒီA မြို့ကပဲတဲ့လေ။

  ကျန်းရှုရဲ့ ဖခင်က လူသိများပြီး အောင်မြင် ကျော်ကြားတဲ့ အဆိုတော် တစ်ယောက် ဖြစ်လေတယ်။ ဒါကြောင့် သူ့ကို ကောင်းကောင်းထောက် ပံ့ပေးလေတယ်။ အရင်ကဆို သူက အိမ်တွေ တစ်လုံးပြီး တစ်လုံး ဝယ်လေ့ ရှိတယ်။ အမှန်တော့ ကျန်းရှု လိုချင်တာ အိမ် တစ်လုံး မဟုတ်ပါဘူး။ အိမ်လို့ ခေါ်တဲ့နွေးထွေးတဲ့ ခိုနားရာ လေးတစ်ခု ကို ရှာချင်ယုံလေး ပါပဲ။

  သူ့အဖေက သူ့ရဲ့ ပရိတ်သတ် တစ်ဖြစ်လဲ အမျိုးသမီး တစ်ယောက်နဲ့ ညှိတွယ်သွားတာကြောင့် အဲ့ အမျိုးသမီး ဆီသွားလိုက် စတူရီယို ဆီသွားလိုက် လုပ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဆီကို မလာခဲ့တဲ့ အပြင် သူ့အတွက် ထိုဖခင် ဆိုတဲ့ လူမှာ အချိန်မရှိခဲ့လေဘူး။ အိမ်အကြောင်း ပြောတော့ကော ဘာအသုံး ဝင်မှာတဲ့လဲ...? ဘယ်သူက ဂရုစိုက်မှာ တဲ့လဲ?

  ကျန်းရှုဆိုတဲ့ ကောင်ရဲ့ အဖေက ဘယ်သူပါ ဆိုတာ ကို ဘယ်တစ်ယောက် မှသိခဲ့ ကြတာမဟုတ်ဘူး။

သူ့ရဲ့ စိတ်တွေ မသက်မသာ ခံစားလာရတဲ့ အခါ တစ်စုံတစ်ယောက် က သူ့နံဘေးကို  ရောက်လာ ခဲ့လေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now