Chapter-4

15.8K 1.8K 54
                                    

Unicode

ရုန်းထွက် မရခြင်းများ ၄

မိုးလင်းကတည်းက အိမ်ရှေ့နှင့် အိမ်နောက်၊
ဧည့်ခန်းနှင့်အိပ်ခန်း တစ်ခန်းဝင်တစ်ခန်းထွက် အလုပ်ရှုပ်နေတဲ့ချစ်နိုင်းအောင်ကို
သျှမ်း အတော်လေးမျက်စိနောက်ပြီ။တစ်မျိုးပြီးတစ်မျိုး ပြင်ဆင်မပြီးနိုင်တဲ့ဒီမြင်ကွင်းက အထူးဆန်းတော့မဟုတ်ပေမဲ့ ဘယ်တော့မှအသားမကျနိုင်။ ကျောင်းဖွင့်ရက်တွေဆို ချစ်နိုင်းအောင်ကြောင်ဘ နှစ်ဆလောက်ခေါင်းမူးရသည်။

ခုလည်း သူကျောင်းမသွားမချင်း သျှမ်းမျက်စိနားရမည်မဟုတ်။ဒီကြားထဲ အိမ်ရှင်ကို ဟိုဟာမှာသည်ဟာမှာလုပ်နေသေးသည်။
သျှမ်းတို့က ထမင်းကို ခြံထဲကအလုပ်သမားတွေဆီ ချက်ပြုတ်ခပေးပြီး ယူစားကြတာမို့ အစားသောက်ကိစ္စစိတ်ပူစရာမလို။ခြံကိစ္စကလည်း သူ့ဟာသူလွှဲထားလို့ရတာမို့ ဒီငရှုပ်သာမရှိဘူးဆို သျှမ်းထက်ပိုင်တို့ဘဝက ပိုနားအေးပါးအေးဖြစ်ရမည်မှာ အသေချာ။

"မင်းဟာက မပြီးတော့ဘူးကွာ။နောက်တစ်ခါ ညကတည်းက ပြင်စရာရှိတာပြင်ထား"
ဧည့်ခန်းထဲကဆက်တီခုံပေါ်မှာ စာအုပ်ထိုင်ရွေးနေသည့် ချစ်နိုင်းအောင်ကိုကြည့်ရင်း သျှမ်းပြောလိုက်သည်။ စောစောကပဲ Lecture စာအုပ်ပျောက်လို့ဆိုပြီး အိပ်ခန်းထဲမှာ တစ်ခေါက်မွှေပြီးပြီ။ခု ထပ်ပြီး မေးခွန်းဟောင်းဖိုင် ပျောက်နေပြန်သည်တဲ့။

"မနေ့ညက စာကြည့်ရင်း ချစ်နိုင်းအိပ်ပျော်သွားတာကိုကိုရဲ့။အိပ်ရာပေါ်မှာပဲ ရှိရမှာကို ရှာလို့မတွေ့ဘူး။

စာအုပ်ပုံမွှေနေရင်း သျှမ်းကိုလဲအပြောမပျက်။ပုံ့ပုံ့ကြီးထိုင်နေတဲ့သူကိုကြည့်ကာ
ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ နာရီလှမ်းကြည့်တော့ ၇နာရီခွဲ။ ပုသိမ်ကြီးကနေ ဆေးကျောင်းထိ ဆိုင်ကယ်မောင်းမည်ဆိုအချိန်မနည်းလှ။အတန်းချိန်စောစောဝင်ဖို့ရှိလျှင် ချစ်နိုင်းအောင်တစ်ယောက် ဆိုင်ကယ်တရကြမ်းမောင်းသွားလိမ့်မည်။

ဒါတွေတွေးမိတော့ မနေနိုင်တဲ့သျှမ်းကပဲ ထိုင်ရာကထပြီး မေးခွန်းဟောင်းဖိုင်ကိုကူရှာပေးရတော့သည်။နောက်ဖေးစားပွဲခုံ၊ ငရှုပ်စာထိုင်ကျက်နေကျ အိမ်ရှေ့လှေကားပါမကျန် လှည့်ပတ်ရှာပေမဲ့မတွေ့။အိပ်ခန်းထဲပြန်ဝင်လာကာ အသေချာခေါက်ထားသည့်စောင်တွေကြား လှန်လှောရှာရပြန်သည်။ဟော စောစောက ရှာမတွေ့ဖူးဆိုသည့်ဖိုင်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now