Chapter (80)

17.6K 2.4K 88
                                    

[TN:ပြီးဆုံးရန် 8 ပိုင်းသာကျန်ပါတော့သည်။ အခုနကအပိုင်းမှာ လုံဖန်းပျော်ပွဲစားရုံလို့ Etran ကမှားရေးထားတာပါ တကယ်က ရိုးရိုးစားသောက်ဆိုင်ပါ..wild restaurant နဲ့ game restaurant ဆိုပြီးရေးထားတာပါ eat the game လို့လဲ ရေးထားတယ်။E tran လက်စွမ်းတွေအရမ်းပြနေတယ် အခုတလော...]

မုန့်ရန်နဲ့အတူ လူနည်းစုလောက်ကပဲ လုံဖန်းစားသောက်ဆိုင်ကို လိုက်ပါလာကြတယ်။စားသောက်ဖို့အတွက် ဟင်းပွဲပြင်ဆင်ချိန်က ကြာမြင့်တာကြောင့် စျေးဝယ်ထွက်ပြီးမှသာ ကျန်တဲ့သူတွေကလုံဖန်းကို လိုက်လာကြမှာပါ။

သီးသန့်အခန်းကိုမမှာတော့ပဲ မြေညီထပ်မှာတင် စားပွဲဝိုင်းနှစ်ဝိုင်းခွဲပြီး ထိုင်လိုက်ကြတယ်။

စားပွဲထိုးတစ်ယောက်က မီနူးစာအုပ်ကို မုန့်ရန်ဆီယူလာပေးပြီး အော်ဒါမှာဖို့ စောင့်နေတယ်။မုန့်ရန်က မီနူးစာအုပ်ကို မဖွင့်ကြည့်ဘဲ..

"မင်းတို့ မန်နေဂျာကို ခေါ်လိုက် သူလာတော့မှပဲ မှာလိုက်မယ်"

စားပွဲထိုးလေးက အသိအမြင် မကြွယ်ဝပေမယ့် မုန့်ရန်စကားပြောနေတဲ့ အရှိန်အဝါနဲ့နောက်ကနေ ပါလာတဲ့ သက်တော်စောင့်တွေကို ကြည့်လိုက်ရုံနဲ့တင် မုန့်ရန်က သာမာန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ နားလည်သွားခဲ့တယ်။အပိုစာဒါးတွေဘာမှ မပြောတော့ပဲ မန်နေဂျာကို ချက်ချင်းပြေးခေါ်လိုက်တယ်။

Unateng က စားဖိုဆောင်ထဲမှာ စာရင်းကောက်နေတယ်။စားပွဲထိုးတစ်ယောက်က သူ့ကို customer တစ်ယောက်က ခေါ်နေတယ်လို့ သတင်းလာပို့တဲ့အခါ စာရင်းစာအုပ်ကို လက်ကချပြီး စားဖိုဆောင်ထဲကနေ ထွက်သွားလိုက်တယ်။

မီနူးစာအုပ်ကို ကြည့်နေတဲ့ မုန့်ရန်က Unatengကိုမြင်တာနဲ့...

"ခင်ဗျားက ဒီဆိုင်ရဲ့ မန်နေဂျာလား?"

မုန့်ရန်ကို မြင်လိုက်တာနဲ့ Unatengတစ်ယောက် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို တစ်ကိုယ်လုံးအေးစက်ပြီး တောင့်တင်းသွားတယ်။Unateng က အရပ်ရှည်ပြီးသန်မာတဲ့ယောက်ကျားသားတစ်ယောင်ဖြစ်နေတဲ့ အတွက် လက်ရှိအပြုအမူက အတော်လေးရယ်စရာကောင်းနေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now