Episode-25

4.2K 393 38
                                    

♡Unicode version♡


ဒီဇင်ဘာကျောင်းပိတ်ရက်တွေစီ ခပ်မြန်မြန်ပဲရောက်လာတဲ့အခါ အဆောင်နေကျောင်းသူကျောင်းသားအားလုံးနီးပါး မိမိနေရက်အိမ်ရှိရာကိုလေ့လာစရာတွေသယ်ပိုးလို့သာ ပြန်ကုန်ကြရတယ်။ရက်ရှည်ကျောင်းပိတ်ဖြစ်သည်မို့ပျော်နေသူတွေရှိပေမဲ့ခတ္တဝေးရမည့်အရေးကိုတွေးပြီးကြိုဆွေးနေသူတွေလည်းတဘုံတဘင်ပါပဲ။တက္ကသိုလ်ကျောင်းအတွင်း ချည်နှောင်မိခဲ့ကြသည့်သံယောဇဥ်တို့မှာလည်း ထိုတက္ကသိုလ်ကြီးရဲ့သက်တမ်းထက်ပင် အဓွန့်ရှည်တတ်ကြပါသေးတယ်။

"အကိုတယောက်တည်းမထားခဲ့ချင်ဘူး..."

အခန်းဝမှာluggageကြီးတစ်စို့ထားလျှက်ရင်ခွင်ထဲတိုးဝှေ့လာသူလေးကိုရှောင်းကျန့်ခပ်တင်းတင်းပြန်ဖက်ထားလိုက်တယ်။အိမ်မပြန်ပဲအဆောင်မှာတယောက်တည်းကျန်နေရစ်မည့်သူ့ကိုကောင်လေးကစိတ်မချနိုင်ဖြစ်နေဟန်။ပိတ်ရက်တွေအတွင်းလာတွေ့ပါ့မယ်ပြောထားပေမဲ့ သူကိုယ်တိုင်လည်းကောင်လေးနဲ့တရက်မှခွဲနေဖို့ဆန္ဒမရှိပါ။

"စာကိုသေချာအာရုံစိုက်ရမယ်နော်...စားမေးပွဲပြီးရင်ကိုယ်ကကောင်လေးရဲ့ကြိုးစားမှုအတွက် ဆုပေးမှာ..."

"ဟအင်း!...အကို့ကိုပဲလွမ်းနေမှာ..."

"အဟက်!...ဒီအဆိုးဆာလေးကတော့ကွာ..."

နှာလုံးလေးကိုဖိညှစ်ရင်းကျီစယ်တော့နှုတ်ခမ်းကိုပါကျူးကျော်စေချင်ဟန် တထော်ထော်လုပ်ပြနေတယ်။ဖြေးဖြေးလေးမွပေးလိုက်ပြီး လက်တွေတွဲ luggageတွေကူဆွဲကာ အဆောင်ပြင်ကကျောင်းဖယ်ရီကားတွေရပ်ထားသည့်နား လိုက်ပို့ရတယ်။ဖေရှီးကိုလည်းဂရုစိုက်ပေးဖို့အတန်တန်မှာပြီးကားပေါ်မတက်ခင်အထိ အကြင်နာပိုနေမိတော့ ဖန်းဝေကမြင်ပြင်းကတ်လောက်အောင်ချောင်းခဏခဏဟန့်တယ်။

"ဖုန်းဆက်မယ်နော်...အိမ်ရောက်ရင်လည်းmessageပို့လိုက်...အချိန်မှန်မှန်စားပြီးအချိန်မှန်မှန်အိပ်...စာလုပ်ရင်အရမ်းညဥ့်မနက်စေနဲ့...ရေချိုးလည်းအရမ်းမကြာစေနဲ့...ပြီးတော့ဒီမျက်လုံးလေးတွေကိုဂရုစိုက်...စာလုပ်လို့ပင်ပမ်းလာရင်ကိုယ့်အကြောင်းတွေးပြီးပြုံးပေး..."

LOVE ME,OK![Complete]Where stories live. Discover now