Epi(2) Unicode

16.2K 1.1K 8
                                    


အပိုင်း(၂)

အပြင်မှ အားနှင့် တဒုန်းဒုန်းထုနေ‌သောအသံကို သူကြားသော်လည်း ထွက်မဖွင့်မိ။ ကျူရှင်မှ ပြန်ရောက်ရောက်ချင်း ရေချိုးနေခြင်းပင် ။ အခုလို bathrobeနဲ့ တံခါးဖွင့်မိပါက ကျောပြင်တစ်ခုလုံး စုတ်ပြတ်သက်သွားမည်ကို သူ ကြိုသိသည်။

ခီတန်ကူးဇဏ်သည် အိမ်နေရင်း ဗြောင်တီရှပ်နှင့် ကြိုးရှုံ့ဘောင်ဘီအပျော့သားကို တွဲဖက်၀တ်ဆင်ထား‌သည်။ သာမာန်သာ ၀တ်ဆင်ထားသော်လည်း အမည်ဖော်မရသော အရှိန်အဝါများနှင့် ပေါင်းစပ်ထားကာ လူငယ်ဆန်မှုက တစ်မျိုးကိန်းအောင်းနေသည်။

မရပ်မနားထုကာ အော်ခေါ်နေသည်ကြောင့် သူ့မျက်ခုံးတန်းတို့မှာ တွန့်ချိုးလာသည်။

သူ တံခါးကိုဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် မိန်းက‌လေးတစ်ယောက်၏ အားထက်ပိုသော လက်သီးဆုပ်များက သူ၏ ကျောပြင်ထက်သို့ ကျရောက်လာသည်။

"ဟာ့ ဆူးဒေဝီ ဘလိုင်းကြီးပါလားဟ "

ဆူး‌သည် ခီ့အား မျက်စောင်းကိုထိုးကာ လက်သီးဆုပ်များကို ဖြည်လျက် လက်ဝါးများဖြင့် လက်မောင်းနှင့် ကျောပြင်ကို တစ်ဖက်ဖက် ရိုက်ကာ ပါးစပ်မှလည်း "‌‌ စောက်က်ကျင့်မကောင်းတဲ့ အကောင် "ဟုဆိုသည်။

"ဆူးဒေဝီ !!တော်တော့ "

သူ သည်းမခံနိုင်စွာ အော်လိုက်တော့မှ ရိုက်နေသောလက်များ  ရပ်သွားကာ စူပုပ်ပုပ်ဖြင့် ဇဏ့်ကုတင်ပေါ်သို့ သွားကာထိုင်နေသည်။

"ဘာတွေဖြစ်လာတာလဲ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ "

"နင်မကောင်းတာလေ စောက်ကောင်ရဲ့ ငါ့ကိုကြီးကို ဘာတွေရေးပေးလိုက်တာလဲ "

ဆူးက ဇဏ့်ကို အပြစ်တင်စကားဆိုကာ မျက်စောင်းထိုးကလည်း မပြတ်ပေ။

"ငါ သေချာရေးပေးတယ်လေ ဆူးရဲ့ ငါသုံးနေကျ ရေမွှေး‌လေးတောင် စာအိတ်လေးကို ဆွတ်ပေးလိုက်သေးတယ် ဘာဖြစ်လို့လဲ နင့်ကိုကြီးကမကြိုက်ဘူးလား"

ကိုကြီးဆိုသည့် အခေါ်ဝေါ်ကြောင့် ဆူးသူ့ကိုဘာလို့ ထုရိုက်နေသလဲ ဆိုတာ ကို သိသွားလေပြီ။

Love Of My Life [Completed]Where stories live. Discover now