Extra - 2 (Part 2)

2.9K 365 17
                                    

Unicode

ရှောင်တန်က မျက်လုံး​တွေကို ​မော့ပြီး လှမ်းကြည့်လိုက်​တယ်။ ဒါ​ပေမယ့် ပြုံး​ပြီး​တော့ တက်တက်ကြွကြွနဲ့ "Hi" လို့​ နှုတ်ဆက်ရင်း သူ့ဆီ​လျှောက်လာတဲ့ ဟိုလူကို ​တွေ့လိုက်ရတယ်။

​ရှောင်တန်က သူ့အာရုံ​ကြော​တွေ တဆတ်ဆတ်တုန်​နေတဲ့အသံကို ချက်ချင်း ကြားလိုက်ရတယ်။ ဒေါသနဲ့ အံ့အားသင့်မှု​ကြောင့် သူ့မျက်နှာ​ပေါ်မှာ တည်ငြိမ်​မှုကို ထိန်းထားဖို့က ခက်ခဲတယ်။ သူ့တစ်ကိုယ်လုံးကလည်း မထိန်းချုပ်နိူင်အောင်​ကို တုန်ယင်​နေခဲ့တယ်။

သူ ထိန်းချုပ်နိူင်စွမ်း မကင်းမဲ့ခင်မှာပဲ အ​ဝေးကို လွှတ်ထားခြင်းခံရတဲ့အတွင်း​ရေးမှူးက မြန်မြန်​ပြန်လျှောက်လာပြီး အနည်းငယ်​ကြောက်လန့်စွာနဲ့ ​ပြောတယ်, "သခင်​လေး"

​ရှောင်တန်က သူ့ကိုယ်သူ ခက်ခက်ခဲခဲပြန်ထိန်းပြီး အံကိုကြိတ်ကာ အသံတိုးတိုးနဲ့ ​ပြောလိုက်တယ်, "ဝမ်ကျင်း, ဒါက ဘာလဲ? ကျွန်​​တော် သရဲကို ​တွေ့​နေရတာလား?"

သူ့ထက် စီနီယာကျတဲ့ ဘက်စုံသုံးအ​တွင်း​ရေးမှူးကို ဒီလို​ခေါ်လိုက်တဲ့အတွက် သူ တကယ်ကို ဒေါသထွက်​​နေတယ်ဆိုတာ မြင်နိူင်တယ်။

"ကျွန်​တော် အစီရင်ခံတော့မလို့ပါပဲ, ဒီလူရဲ့အ​နေအထားက ထူးခြားတယ်, အခု​တော့ ကျွန်​တော်တို့ လှုပ်ရှားလို့ မရ​သေးဘူး"

"ဘယ်သူပဲဖြစ်ဖြစ် ခင်ဗျား လွှတ်​ပေးလို့မရဘူးလို့ ကျွန်​တော် မ​ပြောခဲ့ဘူးလား?!"

"သခင်​လေး" ဝမ်ကျင်းက သူ ကြီးပြင်းလာတာကို ​စောင့်ကြည့်ခဲ့တယ်။ သူက ဘယ်လောက်ပဲအသက်ကြီး​နေပါ​စေ, သူ့ကို သခင်​လေးလို့ ​ခေါ်​နေတုန်းပဲဖြစ်တယ်, "သူက ​ရုန်(Rong)မိသားစုက ကျန်းနန်ရဲ့ ရုန်လျှို့ပါ"

"..."

အဲ့လူဟာ သူနဲ့ ဒီ​နေ့ အလုပ်ကိစ္စလုပ်ရမယ့်သူဖြစ်တယ်။

​ရုန်မိသားစုမှာ အကိုင်းအခက်​တွေများစွာရှိ​ပေမယ့် ​ရုန်လျှို့ရဲ့ဖခင်အမျိုးအနွယ်ဘက်မှာတော့ အဲ့မျိုးဆက်အတွက် သားတစ်​ယောက်ပဲရှိတယ်။ ​ရုန်ထင်းဂီ(Rong Tingyi) ဆီမှာလည်း ​ရုန်လျှို့လို့ ​ခေါ်တဲ့သားတစ်​ယောက်သာရှိခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now