Arc.6.17
3K 488 33
စီရန်ယွီသည် စိတ်လှုပ်ရှားနေသည့် ရွမ်းရီကို ကြည့်ရင်း ခုနက ကတုန်ကယင်ဖြစ်နေသည့်သူက လူစားဝင်ထားသလားဟု ပြန်မေးရမလိုပင် ။
" ဒါဆို!! လူရော ..?? " မေးလိုက်ပြီးမှ စီရန်ယွီက ခနမျှ ငြိမ်သက်သွားကာ " အဲ့လူမဟုတ်တော့တဲ့ ဟာရော.."
စမ်းသပ်ချက်များကို စမြုပ်ပြန်နေသည့် ရွမ်းရီက စီရန်ယွီ၏ ထူးမခြားနား အမှုအရာကို ကြည့်ကာ အတန်ကြာတိတ်သွားသည် ။ သူက စီရန်ယွီ၏ အလုပ်အကိုင်ကို သိနေခဲ့သဖြင့် လူသတ်မှုများသည် ထူးဆန်းသည့်အရာမဟုတ်ပေ ။ ထူးဆန်းသည်က သူအခုလုပ်နေသည့်အရာသည် လူသားမျိုးနွယ်၏ စည်းကို ကျော်လွန်နေပြီး လူတစ်ယောက် မလုပ်သင့်သည့် အရာဖြစ်နေသည် ။ စီရန်ယွီ၏ အနည်းငယ် တုန့်ပြန်မှုမရှိသည့် ပုံစံက သူ့ကို အံအားသင့်စေသလို အလွန်ကျေနပ်သွားစေသည် ။ ' ကံကောင်းလို့ .. မဟုတ်ရင် ငါ့လက်ထဲရောက်နေတာက ဒီလူအစား သူဖြစ်နေလိမ့်မယ် ..'
ဒီအချိန်တွင် စီရန်ယွီ၏ အကြည့်က စမ်းသပ်ကုတင်ပေါ်က လူထံသို့ရောက်သွားသည် ။ မြင်ကွင်းသည် မြင်ဖွယ်ရာမရှိ သွေးသံရဲရဲပင် .. ရွမ်းရီ၏ စမ်းသပ်မှုသည် အရင်ကလို ဦးတည်ရာမရှိ မဟုတ်တော့သဖြင့် သူ့ရဲ့ လက်ချောင်းလှလှလေးတွေက ဦးခေါင်းပိုင်းတွင်သာ လှုပ်ရှားနေခဲ့သည် ။ မျက်ဝန်းများက စိတ်အားထက်သန်မှုကြောင့် တောက်ပနေသည် ။
စီရန်ယွီက သူသည် ရွမ်းရီ၏ ကိုယ်တွင်းက စွမ်းအင်အား သေချာရှင်းပြပြီးခဲ့သည့်တိုင်အောင် ရွမ်းရီသည် စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်နေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုအချက်က သူကို တစ်စုံတစ်ခုအား သတိရသွားစေရန် လှုံ့ဆော်‌ပေးလိုက်သလိုပင် ။
' ထားလိုက်!! အဲ့ကိစ္စကို ငါ အနောက်‌ရွေ့လိုက်မယ် .. အခုလောလောဆယ်.. ဒီစမ်းသပ်မှုရလဒ်က ငါ့ကို အကူအညီဖြစ်နေတာတော့ မငြင်းနိုင်ဘူး ..' 
" အဲ့လူရဲ့ စိတ်က တကယ်သန်မာတယ်.. မဟုတ်ရင် လူ့ဦးနှောက်ရဲ့ လျို့ဝှက်ချက် အနည်းငယ်ကိုတောင် သိလိုက်ရမှာမဟုတ်ဘူး .. သူက အသိစိတ်မလွှတ်ခင်ကို ရအောင်ထွက်ပြေးသွားသေးတယ်.. " စီရန်ယွီက ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ စိတ်စွမ်းအား ရှိမည်မဟုတ်သော်လည်း စိတ်ဓာတ်ခိုင်မာသည့် သူရြှိခင်းက သူ့ကို မအံ့ဩစေပေ ။ သူက တိုက်ခိုက်မှုများကြောင့် ရှုပ်ပွနေသည့် အခန်းထဲမှ သန့်ရှင်းသည့် ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်ကာ မေးငေါ့ပြလိုက်ပြီး " လူနှစ်ယောက်လုံး တစ်ခါတည်း ဖမ်းထားတာလား " တစ်ယောက်ထွက်ပြေးသွားသည်နဲ့ ချက်ချင်း နောက်တစ်ယောက် ‌ပေါ်လာခြင်းက အနည်းငယ် ထူးဆန်းသည် ။