42

9.7K 1.9K 80
                                    

Unicode

ရင်းဆုယဲ့က သူ့လက်ထဲကကြောင်ကို ငုံ့ကြည့်လိုက်တယ်။ မျက်ဝန်းထဲမှာတော့ သတ်ဖြတ်လိုစိတ်အပြည့်။ ရွှယ်ယို့ရှန်းက ဒီပါရှားကြောင်ကို မလိုချင်မှတော့ ဖမ်းထားလည်း အပိုပဲ။ အမှုန့်ကြိတ်ပစ်လိုက်သင့်ပြီ။

“Meow..!”

အန္တရာယ်ကို အာရုံခံမိလိုက်တော့ သေချင်ယောင်ဆောင်နေတဲ့ ကြောင်လေးခမျာ အသိစိတ်လွတ်သွားလောက်အောင် ကြောက်လန့်သွားရှာတယ်။ ထို့ကြောင့် ဆက်ပြီး ဟန်မဆောင်ရဲတော့ဘဲ စတင်အသနားခံနေရှာတော့တယ်။

“ကြောင်လေးကို သနားပါဦး..”

တကယ်လို့ သူသာ တစ်ခုခုဝင်မပြောရင် ရင်းဆုယဲ့က ကြောင်လေးကို အမှုန့်ကြိတ်ပစ်တော့မယ်လို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။ အဲ့တော့ ကြောင်လေးကို သူကယ်တင်မှ ဖြစ်တော့မယ်။

“ဟမ်..?”

ရင်းဆုယဲ့က သူ့လက်ထဲကကြောင်ကို မနှစ်မြို့သလို ခါယမ်းပစ်လိုက်ပြီး ရွှယ်ယို့ရှန်းရဲ့ ဆုံးဖြတ်ချက်ကို အသံတိတ် စောင့်နေလိုက်တယ်။

“တကယ်တော့ ပါရှားကြောင်က အသုံးဝင်ပါတယ်.. အနည်းဆုံးတော့ ရတနာတွေ ရှာဖွေတဲ့နေရာမှာ အသုံးချလို့ရတယ်လေ..”

ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ ရင်းဆုယဲ့လို စကားနည်းတဲ့လူနဲ့ စကားပြောမယ်ဆိုရင် သူ့ရဲ့ ခံစားချက်ကို တန်းပြောလိုက်တာထက် သွယ်ဝိုက်ပြီးတော့ အသုံးဝင်တဲ့ အချက်တွေ အရင်ပြောလိုက်တာက ပိုကောင်းမယ်လို့ တွေးနေခဲ့တယ်။

“Meow..!”

ပါရှားကြောင်လေးက ပျော်ရွှင်မြူးထူးစွာဖြင့် အသံပေးလိုက်ပြီး အောက်ကျနေတဲ့ အမြီးလေးကို အပေါ်မြှောက်ကာ ဝှေ့ယမ်းနေတော့တယ်။ တက်ကြွနေတဲ့ သူ့ရဲ့အကြည့်တွေက ‘သူက တကယ်အသုံးဝင်ပါတယ်.. သူ့ကို မသတ်ပါနဲ့’လို့ ပြောနေသလိုပါပဲ။

“…………”

ထိုအခြင်းအရာကို မြင်လိုက်ရတော့ ရွှယ်ယို့ရှန်းလည်း အသံတိတ် အကြည့်လွှဲလိုက်တယ်။ ပါရှားကြောင်က အရမ်းချစ်ဖို့ကောင်းတာ အမှန်ပါပဲ။ လူတိုင်းရဲ့အမြင်မှာ ချစ်ဖို့ကောင်းနေပေမယ့် ဒီကြောင်က ဆေးမမီအောင် အရမ်းတုံးအ,လွန်းတယ်လို့ သူ ဘာလို့ ခံစားနေရတာလဲ..? အမြီးလှုပ်တာ ခွေးတွေရဲ့ အကျင့်ဟ..! အဲ့တော့ ချစ်စရာကြောင်လေးရေ.. မင်းရဲ့ လူတွေကို အသနားခံတဲ့နည်းလမ်းက မှားနေတယ်ဟေ့.. နားလည်ရဲ့လား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now