Chapter (81)

16.8K 2.7K 69
                                    

[TN:ပြီးဆုံးရန် 7 ပိုင်းသာကျန်ပါတော့သည်]

ဝူဖန်က သူ့ရဲ့ မြင်မြင်သမျှ ဝယ်ပစ်ချင်တဲ့စိတ်လေးကို ထုတ်ပြောပြရုံလေးပါ။တကယ်တမ်းမှာ ပစ္စည်းကောင်းတွေဘာတွေညာတွေကို ခေါင်းထားသိပ်မထည့်ထားခဲ့ပါဘူး။မုန့်ရန်ကို ပထမရစေချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒလေးကို ညီအစ်ကိုအချင်းချင်း ဒီအတိုင်းပြောလိုက်ပေမယ့် တခြားဝိုင်းက ကျောင်းသားတွေက တမင်တကာ လှောင်ပြောင်ရယ်မောပြီး အတန်ရှည်ရှာနေကြတယ်။

ဝူဖန်တို့တတွေလှည့်ကြည့်လိုက်တဲ့အခါ လှောင်ပြောင််မောနေတဲ့ ကျောင်းသားတွေက အားလုံးပေါင်း ၁၂ ယောက်လောက်ရှိနေတယ်။ဝူဖန်တို့ လှည့်ကြည့်တာ မြင်လိုက်တာနဲ့ သူတို့ရဲ့ရည်ရွယ်ချက်အထမြောက်သွားတဲ့ အနေနဲ့ စကားတွေအကျယ်ကြီးဆက်ပြောနေကြတယ်။

" ကြားလိုက်လား ဝူရှူ???ဒီနှစ်ဆုရမယ့် သူအကြောင်း မင်းကသာ ဘာမှမပြောသေးတာ တစ်ချို့တွေက ထင်ကြေးတွေပေးနေကြပြီကွ..."

"မင်းဘက်က ငြိမ်နေပေမယ့် တစ်ချို့တွေများကျတော့လဲ သာမာန်မဟုတ်ဘူးကွ....မင်းဘက်က ငွေကြေးတွေ၊အာဏာတွေအကြောင်းစကားထဲထည့်မပြောပေမယ့် Fan တွေရှိတဲ့ Idol တွေနဲ့တော့ သွားမယှဉ်လိုက်မိစေနဲ့နော်...သူ့နောက်လိုက်တွေက မင်းကို အထိနာအောင်လုပ်ကြလိမ့်မယ်..."

"သူ့မှာ ငွေကြေးရော၊အာဏာရောရှိတယ်ဆိုတာ သိပါတယ်ကွာ...သူ့နောက်ကွယ်က အင်အားစုတွေက သူ့အတွက်  အောက်ခြေသိမ်းလိုက်လုပ်ပေးနေတာ ​မြင်နေရတာပဲကို...."

"ဒီတစ်ခေါက် ငါ့ကောင်ကြီး ဝူရှုနိုင် မနိူင် မသေချာတော့ဘူးကွ...ဒါပေမယ့် တစ်ချို့လူတွေအတွက် စျေးဝယ်တဲ့ ဖြစ်စဉ်တစ်ခုလုံးကို သေချာပြန်စစ်ဖို့တော့လိုနေပြီကွ..."

"အေးကွာ...ငါတို့ကိုယ်က ကံမကောင်းတာပါကွာ...ဘာများတတ်နိုင်ဉီးမှာလဲ??"

[TN: မုန့်ရန်နောက်ကနေ သက်တော်စောင့်တွေပါလာတာကို မုန့်ရန်က ကိုယ်ပိုင်အရည်အချင်းမရှိဘဲ သက်တော်စောင့်တွေကို အားကိုးပြီးပြိုင်ပွဲဝင်နေတယ်လို့ ခနဲ့နေတာပါ😤😤]

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now