Arc.6.19
3.1K 534 51
" မင်းက လုရီရဲ့ အကြောင်းကို စုံစမ်းတဲ့ တစ်ယောက်လား ?" စုယန်ချုးက ကော်ဖီ‌ဆိုင်တောင့် လေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေရာမှ အသာမော့ကြည့်လိုက်သည် ။ ချောမောသည့် လူငယ်တစ်ယောက်သည် သူ့အား စူးစမ်းသည့် အကြည့်ဖြင့် ကြည့်နေရာ နှစ်ယောက်သား သုံးစက္ကန့်လောက် အကြည့်ချင်း ဆုံသွားခဲ့သည် ။
" လုရီ?? " စုယန်ချုးသည် ခေါင်းကို အသာငဲ့စောင်းလိုက်ကာ နားမလည်သည့် အမှုအရာလေးဖြင့် ပြန်ကြည့်လိုက်သည် ။ သူက ဒီနေရာကို လာရခြင်းမှာ သူ့အစ်ကို ငှားထားသည့် အလွတ်စုံထောက်၏ ချိန်းဆိုချက်ကြောင့်ပင် ။
လုယွမ် သူ့ရှေ့က ကောင်လေး၏ အပြုအမှုကြောင့် အနည်းငယ်မှင်သက်သွားသည် ။ သူက ခုံတွင် ဝင်ထိုင်လိုက်ကာ တစ်ချက်ပြုံးပြလိုက်သည် ။ အမြဲတမ်း ပြုံးလေ့မရှိသဖြင့် အပြုံးသည် အနည်းငယ် တောင့်တင်းနေသော်ငြား ကြည့်ကောင်းနေဆဲပင် ။ " အာ.. ဒါက မင်းက အခုတလော လူတစ်ယောက် အကြောင်း စုံစမ်း ခိုင်းထားသလား မသိဘူး "
စုယန်ချုးသည် သူ့ရှေ့ကလူ ဘာပြောချင်နေသည်ကို မသိသော်လည်း ခေါင်းညိတ်ပြလိုက်ကာ " ဒါပေမဲ့ လု.. လုရီ ဆိုတဲ့သူ မဟုတ်ဘူးခမျ .."
" မင်းက ဒါကို အရင်ကြည့်သင့်တယ် ထင်တယ်.." လုယွမ်က ဖိုင်တွဲတစ်ခုအား စုယန်ချုးအား လွဲပေးလိုက်သည် ။ သူက သူ့ရှေ့က ကောင်လေးအား စိတ်ဝင်တစားကြည့်လိုက်မိသည် ။ စုယန်ချုး၏ မျက်မှောင်လေးများ ကြုတ်သွားကာ ဖိုင်ကို ယူကာ ကြည့်လိုက်သည် ။ သူ့အကြည့်က တဖြည်းဖြည်း နားလည်လားသည့် ဟန် ပေါက်လာခဲ့သည် ။
" ကိုယ်က စုံထောက် တစ်ယောက်ပါ .. လုယွမ် လို့ ခေါ်ပါတယ်.. " လုယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဖိုင်ကို ထောက်ပြလိုက်သည် ။ " ဒီလူက လူသတ်မှုအတွက် သံသယ စာရင်းမှာ ပါဝင်နေတယ်.. "
လူသတ်မှု???
' ရွမ်းရီက လူသတ်မှု တရားခံလား ?? ' စုယန်ချုး ဖိုင်ကြားထဲက ဓာတ်ပုံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည် ။ လုယွမ်ပြောသည့် လုရီ ဆိုသည့်က အမှန်တကယ်တွင် ရွမ်းရီ ၏ အရင်နာမည် ဖြစ်သည် ။ အချက်အလက်တချို့ကို ရှာဖွေလို့ မရသော်လည်း အစိုးရဘက်မှ လုပ်ပိုင်ခွင့်ထဲမှ ရွမ်းရီ၏ အချက်အလက် တော်တော်များများကို ရရှိထားလေသည် ။ ဒါက အလွတ်စုံထောက်ထက်ပင် ပိုကောင်းသေးသည် ။