အပိုင်း - (၅)

1.8K 177 12
                                    

" မင်းနှလုံးသားထဲ အရောက်လာဖို့ ဘယ်လမ်းကြောင်းကနေ လာရမလဲဆိုတဲ့ အကြောင်းကိုပေါ့ "

လျှန့်စကားကိုကြားတော့ မျက်စိရှေ့က နှင်းဆီနက်လေးက အံတင်းတင်းကြိတ်ပြီး လျှန့်ကိုမကျေမချမ်း ကြည့်လာသည်။ လျှန်က မျက်ခုံးနှစ်ဖက်ကို ပင့်ပြပြီး အမေးစကားကို ထပ်ဆင့်အတည်ပြုလိုက်တော့ လျှန်ကိုကြည့်နေရာကနေ မျက်လုံးလွှဲသွားသည်။

" ခင်ဗျား မူးနေပြီထင်တယ် "

" မင်းကို မေတ္တာရှိကြောင်း ပြောနိုင်တဲ့အထိတော့ ကိုယ် အသိစိတ်ရှိပါသေးတယ် "

လျှန့်ဆီက သူ့ကိုချစ်ရေးဆိုခြင်းမမည်သော ချစ်ရေးဆိုခြင်းကို ထပ်မံအယူခံဝင်မိတော့ မျက်နှာနုနုလေးက ဒေါသကြောင့် နီမြန်းလို့လာသည်။

" ခင်ဗျား!!.. ခင်ဗျားကို ဥက္ကဌကြီးမျက်နှာကြောင့် ဆွဲမထိုးမိခင် ဒီက ထွက်သွားရင်ကောင်းမယ် "

" အဟင်း!! ဒယ်ဒီ့မျက်နှာကို ထောက်ထားစရာမလိုပါဘူး မင်း ဆန္ဒရှိတယ်ဆိုရင် ထိုးလို့ရပါတယ် "

နေး စိတ်ရှုပ်စွာနဲ့ သက်ပြင်းသာအကြိမ်ကြိမ် ချမိတော့သည်။ နေး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့လေးလေးတို့ကလည်း အကဲခတ်နေသလို အပေါ်ထပ်မှာ ထိုလူနဲ့အတူပါလာတဲ့ လူနှစ်ယောက်ကလည်း အခြေအနေစောင့်ကြည့်နေပုံရသည်။

တခြားဧည့်သည်တွေက သူ့ဝိုင်းနဲ့သူ အေးအေးဆေးဆေး သောက်စားနေကြသည်ကြောင့် နေး သာ လက်ပါလိုက်ရင် တကယ်ကို အကျည်းတန် ရုပ်ဆိုးသွားမှာ သေချာသည်နေသည်မို့ ဒေါသစိတ်ကို ငါးဆယ်ရာခိုင်နှုန်းလောက် လျှော့ချလိုက်ပြီး လေသံအေးအေးနဲ့သာ တုံ့ပြန်လိုက်သည်။

" စိတ်မကောင်းပါဘူး ခင်ဗျားမေးခွန်းအတွက် counselling လုပ်စရာအဖြေမရှိပါဘူး "

" ဘာကြောင့်လဲ "

အမေးစကားတွေ ထပ်တိုးလာတာကြောင့် နေး စိတ်ကိုအတတ်နိုင်ဆုံး လျော့ချပြီး ထိုလူဘက်ကိုလှည့်ကာ အညင်သာဆုံး ပြုံးပြရင်း အဖြေပေးလိုက်သည်။

" ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ ဆိုင်သူရှိနှင့်နေပြီးသားပါ "

My Beautiful SPOUSEWhere stories live. Discover now