Chapter(66):မနာလိုဖြစ်ခြင်း မနာလိုဖြစ်ခြင်း

4.8K 978 16
                                    

Zawgyi

ကျန်းယွဲ့က ရှုရန်အနောက်ကနေ ပြေးလိုက်လာခဲ့တယ်။ ကလေးတွေကြောင့် ရှုရန်တို့တတွေက အသွားမမြန်ကြပါဘူး။ အဲ့ဒါကြောင့် ကျန်းယွဲ့က သူတို့ကို ခြေလှမ်းအနည်းငယ်အတွင်းမှာတင် လိုက်မိသွားတယ်။

ကျန်းယွဲ့ကအပြေးလေး သူတို့တွေကို အရှေ့မှာပိတ်ကာထားလိုက်တယ်။ "ရပ်လိုက်။ မသွားနဲ့။"

ရှုရန်က မျက်မှောင်ကြုပ်လိုက်မိတယ်။ "ဘာလဲ? မင်းလည်း အသားကိုလိုချင်လို့လား?"

ကျန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါပေမဲ့ အလျင်အမြန် သူ့ခေါင်းကိုထပ်ခါလိုက်ပြန်တယ်။ သူက အနည်းငယ်ပျာယာခတ်​နေပြီးတော့ ရှုရန်သူ့ကို နားလည်မှုလွဲမှားသွားမှာကို ကြောက်ရွံ့နေမိတယ်။ အဲ့ဒါကြောင့် သူအလျင်အမြန်ရှင်းပြလိုက်တယ်။ "မဟုတ်ဘူး။ ငါ . . ."

"မင်းဒါကို လိုချင်တယ်ပေါ့! ဘာပဲဖြစ်ဖြစ် ငါမင်းကို ပေးမှာမဟုတ်ဘူး! မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ!"

"မဟုတ်ဘူး။ ငါအသားကို မလိုချင်ပါဘူး။ ရှုရန် ငါမင်းကို မေးခွန်းတစ်ခုကိုပဲ မေးချင်တာပါ။"

"ဘာမေးခွန်းလဲ?"

"အဲ့အချိန်တုန်းက ဘာလို့မင်းငါ့ကို လက်မထပ်ခဲ့တာလဲ?"

ရှုရန်ကိုကြည့်ရတာ တော်တော်လေးရယ်စရာကောင်းတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပါပဲ။ သူ့ကိုအရူးတစ်ယောက်လိုမျိုး ဘယ်သူကမြင်ခဲ့သလဲ။ ပြီးတော့ဘယ်သူက သူတို့ရဲ့စေ့စပ်ထားမှုကို နောင်တရခဲ့သလဲဆိုတာကို ကျန်းယွဲ့တစ်ယောက် အမှန်တကယ်ပဲ မေ့သွားတာလားဆိုတာကို သူသိချင်မိတယ်။ အခုအချိန်မှာ သူကသူ့ကို ဘာလို့လက်မထပ်ခဲ့တာလဲလို့ သူ့ဆီလာပြီး လာမေးရဲနေသေးတယ်! ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ! အဆိုးဆုံးကတော့ သူ့ရဲ့အခုလက်ရှိနေရာက သူ့ရဲ့ယောက်ဖဖြစ်နေတာပဲ။

ရှုရန်က ကောတစ်ယောက်နဲ့ အငြင်းမပွားချင်ပါဘူး။ သူအနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးတော့ လျိုထုံကို ကျန်းယွဲ့နဲ့စကားပြောပေးဖို့ သူ့ကို တိုးတိုးလေးကပ်ပြောလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now