|71|

1.9K 339 2
                                    

[Unicode]

"ဟေး ယန်ထန်! ဝူကျင်းက မင်းကိုအပြင်ထွက်ဖို့ဖိတ်နေတယ်!"

ယန်ထန်က ပြုံးစိစိနဲ့ပြန်ငြင်းတယ်
"အိမ်မှာပဲ နေချင်သေးတယ်၊ အပြင်မထွက်ဘူး"

"မင်းကတော့ကွာ! ဝူကျင်းက မင်းနဲ့တွေ့ချင်နေတာ၊ ငါလည်းတွေ့ချင်တယ်ကွ! ၂နှစ်လေးမမြင်ရတာကို စိမ်းကားနေပြီလား!?"

ယန်ထန်က ဖုန်းကိုလက်နဲ့အုပ်ကာ၊ ဖယ်ခွါလိုက်ပြီး
"ဖြူလေး၊ အိမ်မှာ ထမင်းပိုသေးလား?"

"ဘာဖြစ်လို့လဲ?"

"ဝူကျင်းတို့ကို အိမ်ဖိတ်မလို့၊ ဒီတစ်ခါပါငြင်းလိုက်ရင် ငါ့ကိုလာရိုက်တော့မှာသေချာတယ်"

"လာခိုင်းလိုက်လေ၊ ဖက်တီးကိုပါခေါ်လာခိုင်းလိုက်။ ကြက်ပြုတ်ရည်လုပ်ထားတယ်၊ ကြက်ကော်ရည်ခေါက်ဆွဲလည်း မဆိုးဘူး!"

"ဟုတ်ပြီ!"

ဖက်တီးနဲ့ ဝူကျင်းရောက်လာခဲ့တယ်၊ လက်ထဲမှာလည်း ပစ္စည်းတွေအများကြီးနဲ့။

"ဘာတွေဝယ်လာတာလဲ? မင်းတို့အဖေကို နှစ်သစ်ကူးလာကန်တော့တာလား?"

ဝူကျင်းက ယန်ထန့်ကိုလှမ်းကန်တယ်
"ပေါက်ကရတွေ!"

ဖက်တီးက တော်တော်ဝိတ်ကျသွားတယ်၊ မျက်နှာကတော့ ခပ်ပြည့်ပြည့်ဖြစ်နေတုန်း။
ဖက်တီးက တက္ကသိုလ်မတက်ဖြစ်ဘူး၊ သူ့အဖေရဲ့စက်ရုံကိုပဲ ကိုင်တွယ်ဦးစီးနေတယ်။
ဝင်ငွေကောင်းကောင်းရှိနေပြီး၊ ဝူကျင်းရဲ့လုပ်ငန်းနဲ့တောင်ငြိမိသေးတယ်။
ထို့ကြောင့်ပဲ၊ နှစ်ယောက်က အဆက်အသွယ်ကောင်းနေတယ်လေ။

"မင်းရဲ့ချွေးမလေးရော?"

ယန်ထန်နဲ့ ဟယ်ရှင်းချွမ်အတူနေရှိနေကြောင်းကို သူတို့နှစ်ယောက်လုံးသိထားတယ်။
ဝူကျင်းက တွေ့ချင်ပေမဲ့၊ ယန်ထန်ကတော့ သူ့ဖြူလေးကို ကောင်းစွာကွယ်ဝှက်ထားခဲ့တယ်။
လုံးဝကိုပေးမတွေ့တာ! သူ့ဖြူလေးနဲ့!

"ရှင်းချွမ်"

"လာပြီ!"

ဟင်းခွက်တွေကိုင်လျက်၊ မီးဖိုခန်းထဲမှ ဟယ်ရှင်းချွမ်ထွက်လာတယ်။ သူ့ကို ဝိုင်းကြည့်လာသူတွေကြောင့်၊ နားရွက်လေးကိုကုတ်နေရင်း
"ဖက်တီး...ဝူကျင်း..."

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now