အခန်း - ၃၃

90.1K 6.5K 1.3K
                                    

Unicode//

နိုးလာချိန်တွင် အခန်းအပြင်မှအသံတို့ကိုကြားလိုက်ရသည်မို့ သူမျက်လုံးကိုဖွင့်လိုက်မိသည်။ အိပ်ဆောင်အတွင်း ဝေ့ဝိုက်ကြည့်လိုက်တော့မည်သူမှမရှိ။ လှဲနေရာမှထထိုင်လိုက်မိပြီး ဖုန်းကိုယူကြည့်လိုက်တော့ ၉နာရီခွဲ။ နိုးနိုးချင်းရရှိလာသည့် ကံ့ကော်သင်းနံ့လေးကိုနှစ်ခြိုက်စွာ ရှူရှိုက်လိုက်မိရင်း ယင်းကိုယ်သင်းနံ့ပိုင်ရှင်အားရှာရန် ကုတင်ပေါ်မှချက်ချင်းဆင်းလိုက်မိသည်။

အခန်းတံခါးကိုဖွင့်လိုက်သည်နှင့်...

"ဟာ...ပါပါးနိုးလာပြီ"

နိုနို့အသံလေးက လူကိုမမြင်ရခင်မှာပင် ဦးစွာပြေး၍နှုတ်ဆက်လာသည်။ သူအပြင်ကို လုံးလုံးလျားလျားရောက်သွားတော့...

"ဒယ်ဒီက ပါပါးကို ၁၀နာရီမှနှိုးမယ်ဆိုလို့ နိုနိုတို့စောင့်နေတာ"

"ဘာစောင့်တာလဲ...ကိုယ့်ဘာသာဂိမ်းဆော့ရင်ဆော့နေတယ်ပေါ့"

"ဟာ ပါပါးကလည်း...ဂိမ်းက ဟိုဘက်အဆောင်မှာဆော့လည်းရတာကို...နိုနိုတို့က ပါပါးအိပ်နေတုန်း ဒယ်ဒီ့ကိုအဖော်ပြုပေးနေတာပါနော်...နော် ကိုကို"

"အင်း"

နိုနိုကသူ့ဘာသာပြောရုံနှင့်အားမရဘဲ ဘေးမှအစ်ကိုဖြစ်သူကိုပါစစ်ကူတောင်းတော့ ညီဖြစ်သူအားအလိုလိုက်သည့်အစ်ကိုပီသစွာပင် ချက်ချင်း'အင်း'လိုက်လာသည်။

ထိုအခါ ဘေဘေးရယ်လိုက်မိပြီး...

"ပြောပါဦး ဘယ်နှစ်နာရီနိုးတာလဲ"

"အံမယ် ဒယ်ဒီက နိုနိုတို့ကို ၇နာရီကတည်းကလာနှိုးပြီး မနက်စာကျွေးတာပါနော်...ပါပါးကိုတော့ ညကအိပ်တာနောက်ကျလို့ ၁၀နာရီမှနှိုးမယ်လို့ပြောလို့သာ နိုနိုကလာမနှိုးတာ"

"ဘာ! ၇နာရီကတည်းကလာနှိုးတာဟုတ်လား"

"အွန်းလေ ဘာဖြစ်တာလဲ ပါပါးကလည်း...အလန့်တကြားနဲ့"

သူ့အသံကအနည်းငယ်အားပါသွားသည်မို့ နိုနိုတစ်ယောက်လန့်သွားပုံရသည်။ သို့သော် နိုနို့အမေးအားပြန်မဖြေနိုင်။ သားတို့နှင့်မျက်နှာချင်းဆိုင်တွင်စာအုပ်ထိုင်ဖတ်နေသူထံသို့သာ အကြည့်တို့ကရောက်သွားတော့သည်။ သူထွက်လာလာချင်းတုန်းက သူ့အားတစ်ချက်မော့ကြည့်လာသေးသည်။ သူနှင့်နိုနိုတို့စကားပြောနေစဉ်တွင်တော့ စာကိုသာပြန်ဖတ်နေပုံရ၏။

တည်Where stories live. Discover now