အခန်း - ၃၆

85.9K 5.9K 1.5K
                                    

Unicode//

ဘယ်ချိန်ကတည်းက အိပ်ချင်နေမှန်းမသိ ကားပေါ်ရောက်သည်နှင့် ဂျစ်ကားတို့က သူ့ကိုပင်တစ်ချက်စကားမပြောတော့ဘဲ စတင်အိပ်တော့သည်။

ဒီလိုကျတော့လည်း သူ့မှာစိတ်မကောင်းနိုင်။ ထို့အပြင် မျက်နှာပေါ်မှ ဒဏ်ရာများကို မြင်ရတော့ပိုဆိုးသည်။

“ဟင်း…”

သက်ပြင်းချလိုက်မိပြီး ကားကိုသာဂရုစိုက်၍မောင်းလိုက်မိသည်။ ပင်ပန်းလာသည့်ကလေးကို အနှောင့်အယှက်မဖြစ်စေချင်သည်မို့ ဖြည်းဖြည်းနှင့်မှန်မှန်သာ မောင်းနေလိုက်၏။

ခြံရှေ့ကိုရောက်တော့လည်း ဖွင့်ပေးမည့်သူအဆင်သင့်မရှိ။ ဟွန်းတီးရန်စဉ်းစားလိုက်ပြီးမှ ဘေးမှဂျစ်ကားကိုလှည့်ကြည့်လိုက်မိပြီးနောက် ခေါင်းခါလိုက်မိပြီး ကိုယ်တိုင်ပင်ဆင်းကာ ဘဲလ်သွားတီးတော့မှ ခြံစောင့်ကောင်လေးက အပြေးအလွှားထွက်လာကာ အမြန်လာဖွင့်ပေးသည်။ ထို့နောက် စင်ဝင်အောက်ကားရပ်အပြီးမှ...

ကျစ်! ဘာပဲဖြစ်ဖြစ်နှိုးရမှာပဲကို…

တွေးမိလိုက်သော်လည်း အမှန်တကယ်နှိုးဖို့ကိုတော့လက်တွန့်နေမိဆဲပင်။

လူကောင်အရမ်းထွားမလာရင်လည်းအကောင်းသား… အရင်ကလိုဆို ပွေ့သွားရုံပဲ…ခုကျတော့ အရင်က ကလေးပိစိလေးက သူ့ထက်တောင်ထွားနေသေးတယ်…

ဤသို့ဖြင့် နှိုးဖို့ရန်တွန့်နေစဉ် အိပ်နေသူက အနည်းငယ်လှုပ်လာသည်မို့…

“ထတော့ အိမ်ရောက်ပြီ”

ပြောလိုက်တော့မှ မျက်လုံးဖွင့်ကြည့်ကာ ခြံထဲကို တစ်ချက်လှမ်းကြည့်သည်။ အာဏာတစ်ယောက် ကားရပ်လိုက်သည်မှာကြာနေပြီမို့ တံခါးဖွင့်ကာဆင်းလိုက်ရင်း…

“ဆင်းတော့လေ…မရောက်ဖူးတာလည်းမဟုတ်ဘဲနဲ့”

ထိုစဉ်…

“သားသားရေ ဘာလုပ်နေတာလဲ…ကားရပ်သံကြားလိုက်ရတာကြာပြီ…အခုထိ ထွက်မလာသေးလို့ ထွက်ကြည့်တာ”

ပြောပြောဆိုဆိုနှင့်အိမ်ထဲမှထွက်လာသောမာမီ့ကို အာဏာတစ်ချက်ရယ်ပြလိုက်ရင်း…

တည်Where stories live. Discover now