အခန်း - ၃၈

90.3K 5.7K 650
                                    

Unicode//

အဆင့်မြင့်ဇိမ်ခံကားနှစ်စီးသည် သုံးထပ်တိုက်အိမ်ကြီးတစ်လုံးရှိသော အိမ်ရာဝန်းတစ်ခုထဲသို့ ရှေ့ဆင့်နောက်ဆင့်မောင်းဝင်လာကြသည်။ ပတ်လမ်းသည် အတော်လေးရှည်ပြီး လမ်းဘေးတောက်လျှောက် အရိပ်ရသည့်သစ်ပင်များကိုစိုက်ထားသည့်အပြင် ပန်းမျိုးစုံတို့ကိုလည်းစိုက်ပျိုးထားသည်မို့ မျက်စိပဿာဒဖြစ်လွန်းလှသည့်အပြင် အတွင်းသို့ရောက်လာလေလေ လေကောင်းလေသန့်ပိုရလာလေလေဖြစ်ကာ ပို၍လည်းအေးချမ်းလာသလိုပင်။

အိမ်ရာဝန်း၏ပတ်ပတ်လည်တွင် ဝန်းအတွင်းနှင့်အပြင်အားလုံးကိုမြင်နိုင်သည့်  CCTVများရှိသည်။ ထို့အပြင် Security Guardများကလည်း သူ့နေရာနှင့်သူရှိနေကြသည်။ ဝန်းအတွင်း အပင်များကို စောင့်ရှောက်နေကြသူများလည်း ရှိ၏။ အားလုံးအတွက် ဧည့်သည်လာခြင်းသည် မထူးဆန်းသည်မို့ ဝင်လာသည့်ကားနှစ်စီးအား မည်သူမှအထူးတလည်လိုက်မကြည့်ကြပေ။

ဘေဘေးတစ်ယောက် နံဘေးရှိလူသားအားလှည့်ကြည့်လိုက်ပြီးနောက် ဆုပ်ကိုင်ထားသည့်လက်အား အားအနည်းငယ်ထည့်ကာ ညှစ်လိုက်ရင်း…

“စိတ်ကိုပေါ့ပေါ့ပါးပါးထား…မင်းဘက်မှာ ငါရှိတယ်”

“အင်း”

ဘေဘေးက ဝန်းအတွင်းရှိလူများကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ဟော်နန်းလောက်တော့လူမများပေမယ့် ဒီမြင်ကွင်းမျိုးက မင်းတို့ဟော်နန်းနဲ့တောင် တူသလိုပဲနော်”

“အင်း”

“အာ မှန်တံခါးဖွင့်လိုက်…ဒီမှာက လေကောင်းလေသန့်ရတယ်”

ပြောပြောဆိုဆိုနှင့် ဘေဘေးက သူ့ဘက်ခြမ်းမှန်တံခါးကိုဖွင့်လိုက်တော့ ဝင်ရောက်လာသည့်ပြင်ပလေထုသည် လတ်ဆတ်လွန်းသည့်အပြင် သစ်ပင်ပန်းမန်တို့၏ရနံ့များကိုပါသယ်ဆောင်လာသည်မို့ စိတ်ကိုလန်းဆန်းသွားစေသည်။

“ဟာ မင်းဘက်လည်းဖွင့်ပါဆို”

“အင်း”

နှစ်ဖက်စလုံးရှိမှန်များပွင့်သွားပြီးနောက် ကားတွင်းရှိ Air fresherအနံ့သည်ပင် ပြယ်လုနီးပါးဖြစ်သွားတော့၏။

တည်Where stories live. Discover now