အခန်း - ၄၂

85.3K 5.9K 1K
                                    

Unicode//

"ဦး ခဏလေးနေပေးနိုင်ဦးမလား"

တောင်းဆိုသည့်မျက်ဝန်းတို့ဖြင့်ကြည့်ကာ ပြောလာသောကိုးလ်ကြောင့် ဘေဘေးခေါင်းညိတ်ပြလိုက်ပြီး...

"အင်း ရတယ်လေ"

ပြောလိုက်ပြီးနောက် လူနာစောင့်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ သူလည်းအစကတည်းက မန်နေဂျာမလာသေးခင်အထိ စောင့်ပေးဖို့ဆုံးဖြတ်ထားပြီးသားဖြစ်၏။

လက်ရှိအချိန်တွင် ကိုးလ်၏ခေါင်း၌ ပတ်တီးဖွေးဖွေးကနေရာယူထားပြီးဖြစ်သလို လက်၌လည်းကျောက်ပတ်တီးစည်းထားပြီဖြစ်သည်။ လက်ရှိအရိုးက တော်တော်အက်သွားသည်ဟုဆိုသည်။ ကျိုးသည်အထိဖြစ်မသွားသည်ကိုပင်ကျေးဇူးတင်ရပေမည်။

VIP Roomဖြစ်သည်မို့ အခန်းကသက်တောင့်သက်သာရှိလှသော်လည်း ဘေဘေးအနေနှင့်ကတော့ ဆေးနံ့များကြောင့်သိပ်အဆင်မပြေပေ။ ထို့ကြောင့် ဆေးရုံသို့ရောက်တိုင်း Kingအနားတွင်သာ အမြဲကပ်နေဖြစ်သည်။ Kingမရှိလျှင်တော့ အမြန်ဆုံးပြန်ထွက်တတ်သည်။ ဆေးနံ့များကိုမကြိုက်သော်ငြား Kingရှိနေလျှင်တော့ King၏ကိုယ်သင်းနံ့နှင့်ထိုအနံ့များကိုချေဖျက်ပေးနိုင်ပါသည်။ သို့သော် ယခုအချိန်တွင်တော့ သူတကယ်ပြန်ချင်နေပြီဖြစ်၏။

"ဦး"

အတွေးတို့ဖြင့်လွင့်မျောနေစဉ် ခေါ်လာသည့်အသံကြောင့်...

"အင်း ပြောလေ"

"ဦးရဲ့သားနှစ်ယောက်နဲ့ ကျွန်တော့်ကိုမိတ်ဆက်မပေးချင်ဘူးလား"

ခပ်ပြုံးပြုံးနှင့်ပြောလာသောကိုးလ်ကြောင့် သူရယ်လိုက်မိပြီး...

"ကြုံရင်ပေါ့"

"ဟုတ် ကြုံမှပါ"

နှစ်ယောက်လုံး ပြုံးလိုက်မိကြအပြီးတွင် ဘေဘေးက စကားဖြတ်လိုက်တော့၏။

"စကားမစပ် ကိုယ်အလုပ်တစ်ခုရှိနေလို့...ခဏတော့စကားပြောပေးနိုင်မှာမဟုတ်ဘူး...တီဗွီကြည့်ချင်ကြည့်နော်"

"ဟုတ်"

ပြောပြီးသည်နှင့် ဘေဘေးက ဖုန်းကိုထုတ်ယူကာဖွင့်လိုက်ပြီးနောက် ပို့လာသည့်Msgများနှင့် Mailများကို စစ်ဖို့ပြင်လိုက်တော့သည်။

တည်Where stories live. Discover now