အခန်း - ၄၃

99.8K 5.7K 1.4K
                                    

Unicode//

တစ်နှစ်ခွဲခန့်ကြာပြီးနောက်...

"ကိုကို နိုနို့လိုပက်လက်လှန်ကူးပြီး ဒီဘက်ဘေးကို လာခဲ့"

နိုနိုက ရေထဲတွင်ပက်လက်လှန်၍ရေကူးနေရင်းမှ အစ်ကိုဖြစ်သူအားလှမ်းပြောလိုက်သည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်သား ပက်လက်အနေအထားပုံစံဖြင့် ဘေးချင်းယှဉ်လျက်သားဖြစ်သွားသည်မို့...

"ပါပါး လှလှလေးရိုက်ပေးနော်"

"အင်း နှစ်ယောက်လုံးမျက်စိမှိတ်ထားလိုက်ကြ... တစ်…နှစ်… သုံး… ရိုက်ပြီ"

ဘေဘေး ငါးပုံလောက်ဆက်တိုက်ရိုက်ပြီးနောက်...

"Ok ရပြီ...တစ်ခြားပုံစံပြောင်းပြီး ကူးလိုက်ကြဦး...ရိုက်လက်စနဲ့ဆက်တိုက်ရိုက်ပေးမလို့"

ပြောလိုက်တော့ ညီအစ်ကိုနှစ်ယောက်လုံး ပက်လက်လှန်နေရာမှ ပုံစံအမျိုးမျိုးပြောင်းကာကူးလိုက်ကြသည်မို့ ဘေဘေး အမိအရဓာတ်ဖမ်းပေးလိုက်ပြီးနောက်...

"ပါပါးသေချာရိုက်ပေးပြီးပြီမလို့ အေးဆေးကူးကြဦး...နောက်၁၀မိနစ်ဆို ခဏနားကြနော်...Timerချပေးခဲ့မယ်"

"ဟုတ်"

"ဟုတ်"

ဘေဘေး ရေပျော်မင်းသားနှစ်ယောက်ကို ထားခဲ့လိုက်ပြီး စားစရာများသွားယူနေသည့် ခင်ပွန်းဖြစ်သူအားကူစရာရှိလျှင် ကူရန်ထွက်လာခဲ့လိုက်၏။

ရေကူးကန်မှသည် ပတ်လမ်းတောက်လျှောက်ပတ်လာခဲ့ပြီး ကယ်လေးကိုယ်တိုင်စီစဉ်စိုက်ပျိုးပေးခဲ့သည့် နှင်းဆီခင်းတို့ဆီအရောက် လင်ဗန်းတစ်ခုကိုကိုင်ကာလျှောက်လာသည့် Kingကိုလှမ်းမြင်လိုက်ရသည်မို့ ဆက်မသွားတော့ဘဲရပ်ကာစောင့်နေလိုက်သည်။ သူကူစရာမလိုလောက်အောင် ဘေးတွင်အကူနှစ်ယောက်ပါသည်မို့ ခြေထောက်ညောင်းခံလျှောက်မနေတော့။

ရေကူးမှာမို့ Bath Robeကိုသာဝတ်ဆင်ထားသူကိုလှမ်းကြည့်ကာငေးနေလိုက်မိသည်။ အရပ်ရှည်သူမို့ Bath Robeသည် ဒူးခေါင်းကို လက်သုံးလုံးစာကျော်သည်အထိသာလုံသည်မို့ မွှေးညှင်းစိမ်းတို့ဖြင့်ခြေသလုံးသားဖွေးဖွေးတို့က အထင်းသား။ ထို့အပြင် ရင်ဘတ်ကွဲကြောင်းကအတော်လေးလှစ်ဟနေသည်မို့ ရင်အုပ်ဖြူဖွေးဖွေးကိုပါမြင်နေရ၏။

တည်Where stories live. Discover now