အခန်း - ၄၇

78.6K 5.4K 701
                                    

Unicode//

သည်းသည်းမည်းမည်းရွာနေသောမိုးသည် တဖြည်းဖြည်းချင်းစဲသွားသည်မို့ မိုးစက်မိုးပေါက်တို့နှင့်အရေပြားထိခတ်မှုမှ စပ်ဖျဉ်းဖျဉ်းဝေဒနာသည်လည်း သိသိသာသာ သက်သာသွားလေသည်။

ထို့ပြင် သူကြည့်နေသောမြင်ကွင်းသည်လည်း ပို၍ကြည်လင်ပြတ်သားလာသလို နီးကပ်လာမှုကလည်း အလွန်လျင်မြန်စွာ။

စက္ကန့်ပိုင်းသာကြာလိုက်ပါ၏။

သူ့တစ်ကိုယ်လုံးသည် ထီးတစ်လက်၏ အရိပ်အောက်သို့ လုံးလုံးလျားလျားရောက်သွားတော့သည်။

"ကိုကို ရူးနေလား!!! ဒါကဘယ်လိုပုံစံလဲ!!! ဘာတွေလျှောက်လုပ်နေတာလဲ!"

ဒေါသတကြီးပြောလာသူအားမော့ကြည့်လိုက်မိတော့ မျက်ဝန်းပြာတို့ထက် ငွေ့ရည်တစ်ထပ်သိုင်းနေသည်မို့တွေ့လိုက်ရသည်မို့...

"မ ငို နဲ့...ကိုယ် မ ချော့ ချင် သေး ဘူး"

တစ်နာရီလောက်နီးပါး မိုးမိထားသည်မို့ အသံသည်ပုံမှန်သံမဟုတ်တော့။ မေးရိုက်သံအနည်းငယ်ရောနေသည့်အပြင် အနည်းငယ်လည်းတုန်ယင်စွာ။

"ကျစ်! ထီးခဏကိုင်"

ပြောပြီးပြီးချင်း သူ့လက်ထဲထီးလက်ကိုင်ကိုထည့်ပေးလာသည်က စက္ကန့်မခြား။ ထို့နောက်တွင် တစ်ဖက်လူဝတ်ဆင်ထားသော Long Coatအရှည်သည် သူ့ခန္ဓာကိုယ်ထက် လုံခြုံစွာသိုင်းခြုံသွားတော့သည်မို့...

"အာ ကိုယ် မ လို..."

"ငြိမ်ငြိမ်နေပြီး ကျွန်တော်နဲ့လိုက်ခဲ့တော့"

ထိုစကားအဆုံး သူ့လက်ထဲမှထီးသည် ချက်ချင်းပင်လက်ပြောင်းယူခံလိုက်ရသည့်အပြင် ပုခုံးတို့အားသိုင်းဖက်ခံလိုက်ရသည်က တင်းကြပ်စွာ။ တစ်ဖန် အားနှင့်ဆွဲခေါ်ခံလိုက်ရပြန်သည်မို့ ခြေလှမ်းတို့အား ထပ်တူလိုက်လှမ်းမိလိုက်သည်။

သူလည်း အတော်အေးနေပြီပင်။

ကားဆီသို့ရောက်သွားသည်နှင့် ကားနောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်သူ။

"မြန်မြန်ဝင်...ဂျူနို Air con ပိတ်လိုက်"

"အာ အင်း အင်း"

တည်Where stories live. Discover now