အခန်း - ၅၂ (Final Episode)

164K 7.3K 4.6K
                                    

Unicode//

အိပ်ခန်းကျယ်တစ်ခုအတွင်း ပစ္စည်းအချို့ကိုဖုံးလွှမ်းထားသော ပိတ်စဖြူတို့သည် ထိုအိပ်ခန်းအတွင်းသို့ရောက်ရှိနေသော အမျိုးသားလေး၏လက်ချက်ကြောင့် တစ်စပြီးတစ်စ ကြမ်းပြင်ထက်သို့ပုံကျကုန်၏။

ထို့နောက်တွင် ပေါ်ပေါက်လာသည်က မှန်ဘောင်သွင်းထားသော ပန်းချီကားချပ်များ။

အရွယ်အစားများမှာစုံလင်လှပြီး အချို့ကို Standများဖြင့်တင်ထားကာ အချို့မှာမူ ကြမ်းပြင်ထက် နံရံကပ်ကာ ခပ်လျောလျောမှီလျက်သား။

ဤသို့များပြားလှသောပန်းချီကားချပ်များတွင် တူညီနေမှုတစ်ခုရှိ၏။ ယင်းမှာ ၎င်းတို့ထဲတွင်ပါဝင်နေကြသည့်ပုံရိပ်လေးများ၏ပိုင်ရှင်သည် တစ်ဦးတည်းဖြစ်နေခြင်းပင်။

ယမကာကြောင့် အနည်းငယ်ယစ်ထွေချင်နေသော ဘေဘေး၏စိတ်အာရုံသည် ပုံမှန်ထက်ပင်ကြည်လင်သွားတော့သယောင်။

မျက်ဝန်းနက်လေးများသည်ပြူးကျယ်နေကြပြီး ပန်းချီကားချပ်များရှေ့ အတောင့်သားရပ်နေမိသည်။ လက်ဖျား၊ခြေဖျားတို့သည် တစ်ယောက်သောသူ၏ အဝတ်အစားများအောက် စုံးစုံးမြုပ်နေကြလျက်။

၁မိနစ်...၂မိနစ်...၃မိနစ်နှင့် ၂၅စက္ကန့်...

ထိုမျှအကြာမှ မျက်တောင်ခတ်ရုံထက်ပိုကာ အနည်းငယ်လှုပ်ရှားလာသည့် မျက်ဆံနက်ကလေးများ။

တစ်ဖန် ပုံကျနေသောဘောင်းဘီရှည်တို့၏ လက်မအနည်းငယ်မျှ ရွေ့လျားသွားမှု။

အခန်းတွင်းတိတ်ဆိတ်နေမှုသည် မည်သည့်သက်ရှိသတ္တဝါမှမရှိသည့်အလား။ သေချာနားစိုက်ထောင်လျှင်တောင်မှ အသက်ရှူသံမျှင်းမျှင်းလေးအား ကြားရနိုင်ချေနည်းလှ၏။

ခန္ဓာကိုယ်သည် မလှုပ်မယှက်။ သို့သော် မျက်ဝန်းနက်လေးများကတော့ ဟိုဟိုသည်သည် ဖြည်းညှင်းစွာ ရွေ့လျားနေကြရင်းမှ...

"....."

ပန်းချီကားတစ်ချပ်ဆီသို့အရောက် နှလုံးခုန်သံသည် ပုံမှန်ထက်ပို၍မြန်သွား၏။

ဘေဘေး၏ခြေလှမ်းတို့သည် ထိုပန်းချီကားရှိရာStandဆီသို့ ခဏတွင်းရောက်သွားသည်။ ကားချပ်သည်အတော်လေးကြီးပြီး Stand၏အမြင့်နှင့်ပေါင်းလိုက်သည့်အခါ သူ့နဖူးနီးနီးပင်။

တည်Where stories live. Discover now