Part 13*

52.5K 4.3K 41
                                    

ဆေးထည့်ဖို့ လုပ်တော့လည်း အနောက်ကနေ တကောက်ကောက်လိုက်လာတဲ့ မြတ်ထွဋ်ခေါင်။

" ခင်ဗျား ဘာလိုက်လုပ်တာလဲ "

" ငါ ဘာလုပ်လုပ်ပေါ့ မင်းအပူမှမဟုတ်တာ "

စာကြည့်ခန်းရဲ့တစ်နေရာမှာထားထားတဲ့ဆေးပုလင်းနဲ့ဂွမ်းကိုယူကာ Sofa ပေါ်ထိုင်လိုက်သည်။ သီဟ ဆေးထည့်ဖို့လုပ်တုန်း အနားကိုဝေ့ကာကြည့်တော့ စာအုပ်ရွေးချင်ယောင်ဆောင်နေသောမြတ်ထွဋ်ခေါင်ကြောင့် မပြုံးချင်ပဲ ပြုံးမိပါ၏။

နှဖူးက ကွဲသွားသော နေရာအား ဆေးသေချာထည့်လိုက်သည်။ အစ်ကို့ရဲ့ တချက်တချက် လှည့်ကြည့်နေသည်ကိုလည်း သူခံစားမိနေသည်။ လုပ်ချင်ရာလုပ်ပြီးမှ စိတ်မကောင်းဖြစ်နေတာမျိုးလားဆိုတာတော့ သီဟမပြောတတ်ပါ။

မြတ်ထွဋ်ခေါင် ဒေါသကြောင့်ဖြစ်သွားတဲ့ဒဏ်ရာအားကြည့်ကာ စိတ်ထဲတမျိုးတမည်ခံစားနေရသည်။ သို့သော် ဒါက သူအနေအထိုင်မဆင်ခြင်လို့ ဖြစ်ရတဲ့ကိစမဟုတ်လား။ ဒါကိုဘာတွေများတွေးပူပြီးအခုလိုလုပ်နေတာလဲ မြတ်ထွဋ်ခေါင်။

တစ်ယောက်တည်းတွေးနေပြီး မ​ကျေမနပ်ရေရွတ်နေမိသည်။ ဆေးထည့်ပြီးသွားပြီကိုတွေ့လိုက်တော့ ထိုနေရာမှထွက်လာခဲ့သည်။

" သခင်လေး "

" ကိစရှိလို့လား "

" စာတိုက်က စာပို့ထားတာ သခင်လေးနာမည်နဲ့ဖြစ်နေလို့ "

" ကျွန်တော်နဲ့ချိန်းထားတာမရှိပဲနဲ့ ၊ ပေး ပေး ကျွန်တော့်ကို "

အိမ်တော်ထိန်း လှမ်းပေးလာတဲ့ စာအိတ်ငယ်လေးကိုယူကာ အပေါ်မှဖတ်ကြည့်လိုက်တော့ ပို့သူနာမည်မပါပေ။

စာအိတ်ကို ဖွင့်ကာကြည့်မိတော့ ခေါက်ထားသော စာရွက်ဖြူလေးတစ်ရွက်ထွက်လာသည်။ ခေါက်ရာကိုပြေအောင်ဖြည်လိုက်တော့ မြင်လိုက်ရတဲ့အရာကြောင့် မြတ်ထွဋ်ခေါင် ဒေါသထွက်ကာ တောက်ခေါက်မိလိုက်သည်။

အဖြူရောင်စာရွက်ပေါ်က ထင်ရှားစွာပေါ်နေသော အနီရောင် " မြတ် " ဆိုတဲ့စကားလုံး။ မှင်ဖြင့်ရေးထားသည့်စာလုံးမျိုးမဟုတ်ပဲ လက်ဖြင့်ဆွဲထားသော စာလုံးမျိုးဖြစ်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now