Chapter-6

14K 1.7K 41
                                    

Unicode

ရုန်းထွက် မရခြင်းများ ၆

အပြာရောင်လဲ့နေသည့် ကျောက်ကလေးသည် ဖြူနစ်နေသော နားထိပ်ကလေးတွင် နစ်မြုပ်လျက်ရှိသည်။ ထိုအထက်တွင်တော့
ငွေရောင် နားကွင်းကလေးနှစ်ကွင်းက
တစ်ဆင့်ပြီးတစ်ဆင့် ရှိနေကြ၏။

လူတော်တော်များများရဲ့ အကြည့်တွေဟာ
အနှီအရိပ်ကလေးဆီကို မရောက်ပဲမနေနိုင်။
အမှုမဲ့အမှတ်မဲ့ဆိုလျှင်တောင် ငေးမိနိုင်လောက်သည့် ရုပ်ရည်မျိုးဖြစ်သည်။ ခပ်ပွပွဆံပင်လေးတွေက နှဖူးထက်ဝဲကျနေပြီး
ကပိုကရိုဖြစ်နေကာ နက်သလိုလို စိမ်းသလိုလိုဆံပင်အရောင်ကြောင့် နှစ်ခါပြန်ကြည့်ဖို့ ဆွဲဆောင်နေသလားထင်ရသည်။

ကြက်ဥထုပ်ကလေးများကို လူအစေ့ဝေနေရင်း အပြုံးတွေပေးဖို့လဲ မမေ့။ အနီးကပ် ရောက်လာမည်ဆိုပါက ကော့တက်သွားသော နှုတ်ခမ်းဖူးဖူးတွေ၊ လှပသောမျက်ဝန်းညိုတွေကို အသေချာလေး ငေးမောနိုင်လောက်သည်။ ထို့ပြင် မျက်စိအောက်က မှဲ့နက်ကလေးဟာလည်း မြင်သူငေးချင်စရာ။

မိုးပြာရောင်ရှပ်လက်ရှည်လေးက တင်ပါးတွေထိဖုံးနေပြီး ဂျင်းဘောင်းဘီအောက်က
သွယ်ဆင်းလာသည့် ခြေတံရှည်တွေဟာလည်း ကောင်လေးကို ပိုကြည့်ကောင်းစေခဲ့သည်။ အကုန်ခြုံကြည့်ပါက ပြောစရာမရှိသည့် ရုပ်ရည်ဟုဆိုရမည်ပင်။

"သားလေး အန်တီ့ကို ကြက်ဥလေး"
တစ်ဖက်မှာပေးနေ‌တုန်း နောက်တစ်ဖက်က
ခေါ်သံကြောင့် ဆတ်ခနဲလှည့်လာတဲ့ မျက်နှာလေး။ ချက်ချင်းပြုံးသွားပြီးနောက် စက္ကူအိတ်ထဲမှ ကြက်ဥထုပ်ကလေးကို သေချာပေးလိုက်သည်။ နူးညံ့တဲ့အသံလေးဖြင့် နှစ်သိမ့်ဖို့လဲ မမေ့။

"ဒီမှာပါဗျ အိမ်ပြန်ရောက်ရင် သေချာနားပါအုန်းနော်"

"ကျေးဇူးပါသားရေ"

ထိုအမျိုးသမီးထွက်သွားပြီးနောက် ချစ်နိုင်းအကြည့်တွေက တံခါးပေါက်အနားမှာ
ရစ်သီရစ်သီဖြစ်နေကြသည့် လူတစ်စုဆီရောက်လို့သွားသည်။ သုံးယောက်စလုံး
လူငယ်လေးတွေဖြစ်က ဝင်ရနိုးမဝင်ရနိုး
ဖြစ်နေကြဟန်တူတာကြောင့် ကြက်ဥအိတ်ကလေးကိုကိုင်ရင်း ထိုသူတွေဆီ ဦးတည်လိုက်တော့သည်။ ရှူးဖိနပ်အဖြူလေးဟာ ထိုင်နေကြသူတွေကြား ငြင်သာစွာလှမ်းနေခဲ့၏။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now