Chapter (82)

16.2K 2.6K 27
                                    

[TN:ပြီးဆုံးရန် 6 ပိုင်းသာကျန်ပါတော့သည်]

စားသောက်ဆိုင်ကို ရောင်းချလိုက်ပြီဖြစ်ကြောင်းသိရတဲ့ အခါ Unateng အရမ်းအံ့အားသင့်ခဲ့ရတယ်။ဒီဆိုင်လေးကို သူပြန််ဝယ်မယ်ပြောတုန်းက နှစ်နှစ်စောင့်ခိုင်းခဲ့တဲ့သူဌေးက အခုဆို သူတို့ကို နှုတ်မဆက်ပဲ ချက်ချင်း ဆိုင်ကိုရောင်းပြီး ထွက်သွားခဲ့ပြီ...

Unatengက ကျန်တဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး သူတို့ရဲ့ သူဌေးအသစ်ကိုတွေ့ဆုံဖို့ စောင့်ဆိုင်းနေခဲ့တယ်။

လက်​ထောက်တစ်ယောက် က ရုံးခန်းထဲကနေ ထွက်လာပြီး Unateng တစ်ယောက်တည်းကို သူဌေးအသစ်နဲ့ သီးသန့်တွေ့ဆုံဖို့ ပြောလာတယ်။

ရုံးခန်းထဲဝင်လိုက်တာနဲ့ ဆိုဖာပေါ်မှာ အေးရာအေးကြောင်း ရေနွေးကြမ်းသောက်နေတဲ့ မုန့်ရန်ကို မြင်လိုက်ရချိန်မှာ Unateng တုန်လှုပ်သွားခဲ့တယ်။

"မင်းငါကို သိလား?"

မုန့်ရန်က ရေနွေးခွက်ကို ဘေးချပြီး မေးလိုက်တယ်။

"...."

Unatengပါးစပ်ဖွင့်လိုက်ပေမယ့် ဘာဖြေလို့ ဖြေရမှန်းမသိဘူး ဖြစ်နေတယ်။

"ငါမင်းကို သိတယ်...ချိုင့်ဝှမ်းကိုလဲ မှတ်မိတယ်"

မုန့်ရန်က Unatengကို ပြုံးပြလိုက်ပြီး ဆက်ပြောလိုက်တယ်။

"မေ့ချင်တိုင်းမေ့လို့ မရဘူးလို့ပြောရင် မင်းယုံမလား??အကယ်၍ မင်းလဲ မှတ်မိနေတယ်ဆို ဖုံးကွယ်ထားမနေနဲ့တော့..."

"ငါ....မှတ်မိပါတယ်....ပြီးတော့...."

Unatengက မုန့်ရန်နဲ့ မျက်နှာချင်းမဆိုင်ရဲတာကြောင့် ခေါင်းငုံ့လိုက်တယ်။သူ့ရဲ့ စိတ်တွေရှုပ်ထွေးနေတယ်။

"ဟုတ်လား?"

ဒါကမုန့်ရန်မျှော်လင့်ထားတဲ့ အဖြေပါ...

"ဒါဆို မင်းရဲ့ မတည်နိူင်တဲ့ ကတိတွေကိုရောမှတ်မိသေးရဲ့လား?"

"တောင်းပန်ပါတယ်...တကယ်တော့...အဲ့တာက..."

မုန့်ရန်အနောက်မှာရပ်နေတဲ့ သက်တော်စောင့်တွေ လက်ထောက်တွေကို တစ်ချက်ကြည့်လိုက်ပြီး Unateng ဘာမှ ဆက်မပြောဖြစ်တော့ဘူး။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now