၅၇ (side couple)

9.2K 1.3K 64
                                    

Unicode

ချစ်ခွင့်ပန်ခြင်း

ရန်းချီသည်ကား ချန်းရွှီ၏ညီဖြစ်သူ ချန်းကျင်းနှင့် ရွယ်တူသူငယ်ချင်းများ ဖြစ်ကြ၍ အတိအကျဆိုရလျှင် ရန်းချီက နှစ်ဝက်မျှ အသက်ပိုကြီးလေသည်။ လူကုန်ထံအသိုင်းအဝိုင်း၌ နေရာတစ်ခုရနေပြီး ဖြစ်သော ချန်းမိသားစုသည် စီးပွားရေးအနာဂတ်များအတွက် အင်ပါယာကမ္ဘာမှ တည်ထောင်သူမျိုးနွယ်ဝင်များနှင့် ဦးစွာပထမ မိတ်ဖွဲ့လာခဲ့၏။ ၎င်းမိသားစုမျိုးနွယ်ဝင်များ အနက်မှ ရန်းမိသားစုနှင့်သာ ချန်းမိသားစုမှာ အရင်းနှီးဆုံး ဖြစ်ခဲ့ရသည်ပင်။

ထို့ကြောင့် ချန်းရွှီအနေဖြင့် မိမိညီနှင့် ရွယ်တူဖြစ်သော ရန်းချီအား ငယ်စဉ်ကတည်းမှစ၍ ကြည့်ရှုစောင့်ရှောက်ပေးလာရသည်ဟု ဆိုနိုင်လေ၏။

ရန်းမိသားစုတွင် ရန်းချီနှင့် မွေးချင်းတူသော အစ်ကို ၆ ယောက်လည်း ရှိသေးသည်။ မူလရန်းမိသားစုဝင်များမှာ အမျိုးသမီးများသာ ဖြစ်၍ ၎င်းလူဦးရေမှာ အင်ပါယာကမ္ဘာ၌ အနည်းငယ် ရှားပါးရ၏။ ထို့အပြင် အစိုးရက လူဦးရေတိုးစေချင်သည် မှန်ပါသော်ငြား ကလေးမွေးဖွားရသည်က မွေးရုံနှင့် ပြီးသွားသော ကိစ္စရပ်လည်း မဟုတ်ရပါချေ။ လူတစ်ယောက်၏ ဘဝတစ်ခုအား လိုလေသေးမရှိ ပြုစုပျိုးထောင်ရန် တာဝန်ရှိသေးသည် ဖြစ်လေရာ သာမန်ပြည်သူ မည်သူကမျှ ဤမျှ အရေအတွက်အထိ ကလေးယူချင်မနေခဲ့ပါပေ။

ရန်းမိသားစုမှ ကလေး ၇ ယောက်လုံးသည်ကား ချန်းရွှီထက်ငယ်ကြ၍ ၎င်းတို့အနက်မှ အငယ်ဆုံးဖြစ်သော ရန်းချီနှင့်ဆိုလျှင် အသက်ကွာဟချက်မှာ ၁၅ နှစ်အထိ ရှိရသည်ပင်။ ချန်းရွှီ၏ မျက်လုံးအတွင်း၌မူ ရန်းချီမှာ သူ့အတွက် ညီလေးတစ်ယောက်မျှသာ ဖြစ်ရလေ၏။ ထို့အပြင် သူသည် မကြာခဏဆိုသလို ညီဖြစ်သူ ချန်းကျင်းအား တစ်ဖက်လူထံ လွှဲအပ်ပေးရန်အထိလည်း တွေးတောမိတတ်သေးသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကလေးနှစ်ယောက်မှာ သက်တူရွယ်တူ သူငယ်ချင်းများ ဖြစ်ကြ၍ မိသားစုနှစ်ခုကလည်း အဆင်ပြေရသည် မဟုတ်ပါလား။

သို့သော် မမျှော်လင့်စွာဖြင့် ထိုကောင်လေး အသက် ၁၇ နှစ် ရောက်ချိန်တွင် ချန်းရွှီသည် တစ်ဖက်လူထံမှ ချစ်ခွင့်ပန်ခြင်း ခံရလေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now