💔38💔(Part2)

43.2K 4K 2.4K
                                    

ဒီပွဲမှာမေတ္တာတွေရယ် လုံခြုံမှုတွေရယ်
ပေးနိုင်သမျှသောသွန်မှောက်ပေးခြင်းတွေနဲ့
အချစ်ထက် သံယောဇဉ် အမှတ်တရတွေကို
ပိုကစားခဲ့တယ်.....။တာဝန်ကျေကျေချစ်ပေးခဲ့တယ်
ချစ်ပေးနိုင်သလောက် သပ်သပ်ရပ်ရပ်တိတိကျကျ
အချစ်တရားတစ်ခုကို အဆုံးမှာ ကျွန်တော်ဘာဖြစ်နိုင်မလဲမသေချာတောင် ယုံကြည်မှုရှိရှိိ ဆက်သွားခဲ့တယ်...။
ခေါင်းအေးခဲ့သလို သွေးလည်းအေးခဲ့တယ်....
ထယ့်ကို လိုချင်လို့ထယ့်မျက်နှာကိုပဲကြည့်ခဲ့တယ်....
နောက်ဆုံးတော့လည်း ထယ်တိုးဝင်လာခဲ့တာ
MinYoongi ရင်ခွင်ထဲပဲ......။
ထပ်ပြောမယ် ချစ်ပီဆိုရင်မီးကုန်ယမ်းကုန်ချစ်.....။
☁️MinYoongi

ခေါင်းတွေမာလိုက်တာ.....အကြောလေးကလည်းတင်း
မင်းမရနိုင်ပါဘူး KimTaeHyung ဆိုလည်း
ကလေးလေးလို ဆွဲလုချင်ခဲ့သေးတာ.....
ကံမပါလာရင်....ဖူးစာမသတ်မှတ်လာရင်
ရေစက်မဲ့ရင်....ဘယ်လောက် ဘယ်လောက် ဆိုသော်ငြား
ရေးဆွဲပြီးသားကံကြမ္မာကိုပြောင်းလဲမရဘူး....။
တစ်ခါတစ်လေ ကျွန်တော်တို့အနီးဆုံးမှာရှိပြီး
ကျွန်တော်တို့မမြင်ပေးနိုင်တဲ့အရာတွေကဘဝအတွက်
တန်ဖိုးအကြီးဆုံးဖြစ်နေတတ်တယ်....
ကျွန်တော်သိလာတဲ့အခါ ကျေးဇူးတင်စရာက
သူက ကျွန်တော့်လက်တွေကိုစိတ်ကုန်စိတ်ပျက်ပြီး
လွှတ်ချမသွားခဲ့တာပဲ......။
ပြောရမယ်ဆိုရင်...ချစ်ပေးရတဲ့ဘဝထက်
အချစ်ခံရတဲ့ဘဝက ပိုကောင်းပါတယ်.....။
ကျွန်​တော်ပင်ပန်းနေပြီ...
ဒီနေ့ကစထာဝရအချစ်ခံကောင်းကင်ပြာလေးအဖြစ်
ဆက်အသက်ရှင်သွားတော့မှာ.......။

KimTaeHyung 💙

..................................................................................။
                                   (Part2)
"ငါမင်းကို မချစ်နိုင်တော့ဘူး ဆိုရင်ရော....."

မောင်ရဲ့အကြမ်းပတမ်းအနိုင်ကျင့်ခံထားရသော
သွေးဆို့နေတဲ့နှုတ်ခမ်းပါးတွေဟာအလွန်နာကျင်
နေခဲ့တယ်...။မြေအောက်ခန်းတံခါးကိုသော့ခတ်ကာ
ခြေတစ်လှမ်းစလှမ်းရုံနဲ့ဘယ်ဘက်ရင်အုံတစ်ခုလုံး
အောင့်မျက်လာသောဒဏ်သည်ပြင်းထန်သည်။

ဆံပင်တွေကို တစ်ချက်သပ်တင်ကာShirtအကျီကို
ပုံစံပြန်ချလျှက် လှေကားတစ်ထစ်တက်ရုံဖြင့်
အလွန်မောပန်းနေပြီ.....။
ရေပြင်ညီလိုမျက်နှာအေးအေးနဲ့ပင်အိမ်ပေါ်
သို့ပြန်တက်လာတော့ အိမ်တော်ထိန်းကြီးနဲ့ဆုံသည်။

မောင်Where stories live. Discover now