💔39💔(Part1)

45.7K 3.8K 2.8K
                                    

"မနက်စာလေးထစားပါလားဗျာ......"

Close ဟူသော စာတန်းလေးဖြင့်စာအုပ်ဆိုင်လေးသည်
ဆိုင်ပိုင်ရှင်စာအုပ်ရောင်းဖို့မအားသဖြင့်ပိတ်ထားရသည်။
အိမ်နဲ့ဆိုင်ကို သပ်သပ်ရပ်ရပ်လေးတွဲဆောက်ထားပြီး
Namjoon တစ်ယောက်ထဲနေခဲ့တာရယ် Namjoon
ဟာလည်းသိပ်ရိုးရှင်းသောသူမို့အရောင်မှိန်မှိန်
အရောင်ဖျော့ဖျော့လေးတွေ ခေါတ်နောက်ကျနေသော
ပစ္စည်းလေးတွေနဲ့ အညိုရောင် အိမ်ကလေးဖြစ်သည်။

အိပ်ရာသည်လည်းအရောင်မှိန်မှိန်အိပ်ရာခင်း
တွေဖြစ်ပြီးအိပ်ရာဘေးတွင်မီးအိမ်လေးတစ်ခု စာအုပ်လေးတစ်အုပ်မျက်မှန်လေးတစ်လက်ရှိသည်။

ရိုးရှင်းသော အငွေ့အသက်လေးတွေကြား
အဖြူစွတ်စွတ်အနွေးထည်လှလှလေးရယ်
ဘောင်းဘီဖြူဖြူလေးရယ်ကိုတွဲဝတ်ကာ
ကွေးကွေးလေးအိပ်နေသောအရောင်မှိန်သော
အိပ်ရာထဲမှ အရောင်လှလွန်းသောလမင်းလေး
တစင်းလည်းမနက်စောစောတွင်ရှိနေသည်။

အတိအကျဆို လမင်းလေး မကြည်လင်နေပါ။
ခုရက်ပိုင်းတွေ
သူ့လူနာဆိုးလေးကြောင့်စိတ်သိပ်ထိခိုက်ကာ
ဖျားတောင်ယူခဲ့သည်။
သက်သာသွားပေမယ့် တအီအီပင်....။

"Hyung ရေ.....မနက်စာစားကြမယ်လို့....."

"မဆာဘူး....အိပ်ချင်နေတုန်းပဲ
မင်းဆာရင် သွားစားလေ....."

ဒီနှလုံးသားမျိုးကဆရာဝန်ဖြစ်လာတာ
ဘယ်လောက်လိုက်ဖက်လိုက်သလဲ...။
တပတ်လောက်ကြာသွားတဲ့အချိန်မှာ
ဆေးရုံကလူနာလည်းသတိကောင်းကောင်းရနေပြီ။
ဒါပေမယ့် Jeonအိမ်တော်မှာ Jungkook အပေါ်
သူစကားလွန်သွားတာရယ် အခြေအနေဆိုးဝါးလွန်း
သောJungKookပုံစံကိုပြန်ပြန်တွေးကာရယ်နှင့်
ဝမ်းနည်း၍မဆုံးနိုင်သေး...။

"စိတ်မကောင်းဖြစ်တာကတော်သင့်ပြီလေ
တခွေခွေဖြစ်နေတာ
ကျွန်တော် မနေတတ်တော့ဘူး....."

"သတိသေချာရလာရင် ငါ့ကိုခေါ်ပါ့မလားတောင်
မသိဘူး...ဘာတွေဖြစ်နေမှန်းမသိဘဲ
အကြီးဖြစ်ပြီး အနိုင်ကျင့်မိသလိုဖြစ်တာ....
JungKook လေးက သိပ်သနားစရာကောင်းတာ
Joonရဲ့...."

NamJoonသည်အိပ်ရာပေါ်တက်ကာကွေးနေသော
အဖြူရောင်လေးကိုဆွဲထူပြီးရင်ခွင်ထဲထည့်
ထားလိုက်ရသည်။

မောင်Where stories live. Discover now