Chapter - 137

10.4K 1.1K 166
                                    

Unicode
~~~~~~~~

အခန်းအတွင်းက ကုတင် ၂ လုံးပေါ်မှာ လူ ၂ ယောက်အတူလှဲနေကြတယ် ... တစ်ယောက်ကသတိရနေခဲ့ပေမဲ့ တစ်ယောက်ကတော့ သတိမရလာသေးဘူး ... မေ့မျောနေသူရဲ့မျက်နှာက ဖြူဖက်ဖြူရော်နဲ့ ဒါဏ်ရာတစ်ချို့လဲရရှိနေသေးတယ် ...

ရန်အာက ရှုမန်းကိုငေးကြည့်နေရင်း ငိုကြွေးလေတော့တယ် ... အားမရှိတဲ့အတွက် အသံပင်မထွက်လာနိုင်ခဲ့ဘူး ... ဘုရာသခင်က သူ့ရဲ့အနားကို အသက်ရှင်လျှက်ပြန်ပို့ခဲ့ပေမဲ့ ရက်စက်စွာနဲ့ အပြစ်ဒဏ်ပါချမှတ်ခဲ့ပုံပင် ... ဘယ်အချိန်ထိ ဒီပုံစံမျိုးနဲ့ နှိပ်စက်ထားဦးမလဲ မသိနိုင် ...

ထိုစဉ် တံခါးပွင့်သံနဲ့အတူ အခန်းတွင်း အဖြူရောက်ကုတ်ရှည်နဲ့ လူတစ်ချို့ ဝင်ရောက်လာတယ် ... ဦးဆောင်လာသူက သခင်ကြီး ပိုင်ယွိ …

" ဂိုဝူး ... အခြေအနေ ဘယ်လိုရှိလဲ "

" ရန်အာရဲ့အခြေအနေက တည်ငြိမ်သွားပြီ ... စောင့်ကြည့်ယုံပဲ ... ရှုမန်းရဲ့ ဟော်မုန်းထိန်းချုပ်မှုက အရှင်းကြီးမအောင်မြင်သေးဘူး ... သူ့ကိုယ်ထဲက ဆေးတွေအရင်ကုန်အောင်လုပ်ပြီးမှ ဗီဇပြောင်းလဲလို့ ရနိုင်မှာ "

" အယ်ဖာတစ်ယောကို ဗီဇပြောင်းလဲပေးရင် ဘီတာပဲ ပြန်ဖြစ်နိုင်မယ် ... ရန်အာကလဲဘီတာဆိုတော့ အဆင်ပြေတာပဲ ... ဘာဟော်မုန်းပြဿနာမှ မဖြစ်လာနိုင်တော့ဘူး "

" ဗီဇပြောင်းလဲဆေးက အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ သေချာမသိသေးဘူး ... ဆေးရည်ကလဲ ချန်းရဲ့စမ်းသပ်ခန်းထဲမှာပဲ အကုန်ပျက်စီးသွားပြီ ... ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ "

" ငါနဲ့ဟွှာရန်းရှိနေရင် ဗီဇပြောင်းလဲဆေးရည်ကို အချိန်မရွေးဖော်စပ်နိုင်တယ် ... ဒီမှာက လိုအပ်တဲ့ပစ္စည်းအပြည့်အဝမရှိတော့ အချိန်အနည်းငယ်ကြာလိမ့်မယ် ... မင်းသူတို့ ၂ ယောက်ကို သေချာစောင့်ကြည့်ပေးထား ... အကြောင်းထူးတာနဲ့ ဆက်သွယ်ပေး "

" စိတ်ချပါသခင်ကြီး ... ကျွန်တော် စောင့်ကြည့်ထားပါ့မယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now