Epi(4) Unicode

12.6K 1K 35
                                    


အပိုင်း(၄)

ညတည်းကဖွင့်ထားသည့် ပြတင်းပေါက်မှ နေရောင်စူးစူးက မို့သန့်ညိမ်၏ မျက်နှာထက်သို့ကျရောက်လာသဖြင့် အိပ်မရ‌တော့။ မျက်နှာနုနုထက်တွင် နေရောင်ကျရောက်လာသဖြင့် မျက်ခုံးတန်းတို့ တွန့်ချိုးသွားရသည်။ ဆက်အိပ်၍မရတော့သဖြင့် ကုတင်ဘေးခုံတွင် တင်ထားသော စားပွဲတင်နာရီဆီအကြည့်ရောက်မိတော့ 9: 30 တိတိ ။

မိုးသန့်ညိမ်၏ အခန်းလေးသည် မကျဉ်းမကျယ် ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်သည်။အခန်းနံရံများကို ဆေးအဖြူရောင်သုတ်ထားပြီး အခန်းထဲရှိအသုံးအဆောင်များက အညိုရောင်ဖြစ်သည်။ ညိမ်က အညိုရောင်ကြိုက်သူဖြစ်သည်။ အညိုရောင်က လှပသည် ၊ ကျော့ရှင်းသည် ၊ Luxury ဆန်ပြီး အရောင်ငြိမ်သဖြင့် တည်ကြည်လေးနက်သည်ဟု ညိမ်ထင်သည်။ကုတင်ကို ပြတင်းပေါက်နှင့် ကပ်ထားပြီး ကုတင်ဘေးတွင် ဖုန်းတို့နာရီတို့တင်လို့ရအောင် စားပွဲခုံပိစိလေးကို ဒေါ်ဒေါ်က ထားပေးထားသည် ။ အိပ်ယာခင်းတွေကအစ တူတော်မောင် စိတ်ချမ်းသာစေရန် အညိုရောင်များ ၀ယ်ပေးထားသည်။ ရေချိုးခန်းနှင့်အိမ်သာ ပါသော အခန်းကို ညိမ့်ကိုနေစေပြီး ဒေါ်ဒေါ်က အပြင်ဘက်တွင်ရှိသော တစ်ခုကိုသာ သုံးသည်။ ဒေါ်ဒေါ်က ရန်ကုန်တွင် တစ်ယောက်တည်းနေနေရသဖြင့် အတူလာနေသည့် တူလေးကို စိတ်ချမ်းသာအောင်ထားသည်။ ထို့ကြောင့်လားမသိ မန္တလေးမှာထက် ညိမ်ရန်ကုန်မှာပိုပျော်သည်။

သူ အိပ်ရာမှထကာ ရေမိုးချိုး သွားတိုက်ပြီး
အခန်းပြင်ထွက်လာတော့ ဒေါ်ဒေါ်ကဘယ်သွားလည်းမသိ။ သူလည်း မီးဖိုဆောင်ထဲ၀င်လိုက်တော့ ခုံပေါ်တွင် အုပ်ဆောင်းလေးဖြင့်အုပ်ထားသည်ကိုတွေ့ရသည်။ အုပ်ဆောင်းကို ဖယ်လိုက်တော့ အငွေ့မပြယ်သေးသည့် ကောက်ညှင်းပေါင်းပူပူလေး ၊ ချောကလတ်ကွတ်ကီးများနှင့် မိုင်လိုတစ်ခွက်ကို တွေ့ရသည်။

ဒေါ်ဒေါ်က တကယ်ချစ်စရာကြီးပါဆို။

တောင်!!

ညိမ် ကောက်ညှင်းပေါင်းလေးစားရင်း YouTube ကြည့်နေတုန်း စာတစ်စောင်၀င်လာသည်။ ကြည့်လိုက်တော့ သော်မှူးဆီမှ ဖြစ်သည်။ ‌ရေးထားသည့်က
"မနေ့ညကအဆင်ပြေရဲ့လား မိုးသန့်"

Love Of My Life [Completed]Where stories live. Discover now