2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)

3.8K 572 9
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း(2)"

ဒီနေ့ သူတို့ ကစားကွင်း မသွားလိုက်ရပေမဲ့ ချန်လီကောကတော့ အရမ်းပျော်နေတယ်

ညရောက်တော့ သူက သူအရမ်းကြိုက်တဲ့
spongebob နဲ့အတူ အိပ်မက်ကမ္ဘာထဲမှာ တွေ့နေတယ်

သူအေးအေးချမ်းချမ်း အိပ်ပျော်နေတာလေးကို
မြင်ရတော့ လုကျစ်ရန်ရဲ့ သောကတွေဟာ အတိုင်းအဆမဲ့ ပျောက်ကွယ်သွားတယ်

သို့သော်လည်း မမျှော်လင့်ဘဲ နောက်နေ့မှာ ချန်လီကောရဲ့တစ်ကိုယ်လုံးမှာ အနီစက်တွေထလာပြီး ဖျားပါတော့တယ် အိမ်တော်ထိန်းကြီးက အရင်ရှာတွေ့သွားပြီး ချက်ချင်းပဲ မိသားစုဆရာဝန်ကို ခေါ်လိုက်တယ်

ဆရာဝန်က စစ်ဆေးပြီးနောက် ဓာတ်မတည့်တာဖြစ်ကြောင်း ပြောတယ် သူက ချန်လီကောကို
မနေ့က ဘယ်နေရာသွားလဲ ဘာစားလဲဆိုတာကို
မေးခဲ့တယ်

လုကျစ်ရန်က မျက်မှောင်ကြုတ်လိုက်ပြီး မနေ့ကသူနဲ့ကလေးနဲ့ဘာတွေလုပ်တာကို ရိုးရိုးရှင်းရှင်းပဲ
ရှင်းပြလိုက်တယ် သူက အစားအသောက်စာရင်းကိုပါ ရွတ်ပြလိုက်တယ်

အစားအသောက်စာရင်းကို ကြားတဲ့အခါမှာ
အိမ်တော်ထိန်းကြီးက အံ့သြသွားပြီး ပြောလိုက်တယ်
"သခင် သခင်ငယ်လေးက မုန်လာဥနီနဲ့ ဓာတ်မတည့်ဘူး"

လုကျစ်ရန်က ဒီအကြောင်းကို ကြားတဲ့အခါမှာ
ရှော့ခ်ရသွားတယ် မနေ့ကသူတို့စားတဲ့ဟင်းတိုင်းမှာ မုန်လာဥနီပါတယ် စားပြီးသွားတော့လည်း
ဘာမှမဖြစ်တာကြောင့် သူ့သားနဲ့မုန်လာဥနီ ဓာတ်မတည့်တာကို သိတောင်မသိခဲ့ဘူး

ဆရာဝန်က ဒီမိသားစုရဲ့ သခင်ငယ်လေး အခြေအနေမကောင်းတာသိတော့ မြန်မြန်ပြောလိုက်တယ် "ကျွန်တော် ဆေးတွေတော့ ယူလာတယ် နာရီဝက်ကြာမှ မသက်သာလာရင် သူ့ကိုဆေးရုံပို့ဖို့ အမြန်လုပ်တော့"

လုကျစ်ရန်က "ငါတို့အခုပဲ သွားမယ်"
ပြောပြီးတာနဲ့ ချန်လီကောကို ပွေ့ကာ လှေကားတွေကနေ ဒုန်းဆိုင်းဆင်းလာတယ်

ချန်လီကောက အဖျားကြောင့် ရူးတော့မယ်လို့တောင် ခံစားရတယ် သူ့အမြင်အာရုံတွေကဝေဝါးနေပြီး သူ့ကို တစ်စုံတစ်ယောက်က တင်းတင်းကျပ်ကျပ်ပွေ့ထားတာ ပဲ သိတယ် သူက ထိုလူရဲ့ အင်္ကျီစတွေကို အားကိုးတကြီး ဆုတ်ကိုင်ထားသေးတယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now