(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း

2.8K 537 2
                                    

Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း



ပြိုင်ပွဲအဆုံး၌ Olsen ၏လက်အောက်မှ အကဲဖြတ်ဒိုင် နှစ်ဦးက ရွှယ်ကျင်းရီကို ရမှတ်များများပေးခဲ့ပြီး သူမကို ၁၉.၅ မှတ် အထိပင် ပေးခဲ့သည်၊ သို့သော်ကံမကောင်းစွာဖြင့် အခြားအဖွဲ့မှ အကဲဖြတ်များက တီးခတ်သည့် နည်းစနစ်ဘက်သို့ ပို ဦး စားပေးခဲ့သည်။ သူမသည်ခွင့်မလွှတ်နိုင်သည့် မှားယွင်းသောလက်ကွက်များစွာကို တီးခတ်ခဲ့သည်။ ထို့ကြောင့်သူတို့ပေးသောအမှတ်သည် မြင့်လည်း မမြင့် နိမ့်လည်း မနိမ့်ပေ။ သူမ ဗျမ်းမျှအမှတ်သည် ၁၉.၂ မှတ်ရရှိခဲ့ပြီး လက်ရှိတွင်ပထမနေရာတွင်ရှိနေသည်။

ရွှယ်ကျင်းရီ သည် စင်မြင့်ထက်မှ ဖြည်းညှင်းစွာ ဆင်းလာစဉ် လူအုပ်ကြီး၏ အားပေးသံများ ကြားနေရသည်။ ကန့်လန့်ကာဘေးမှာ စောင့်နေတဲ့ ဆယ်ကျော်သက်လေးကို သူမမြင်တော့ အနိုင်ဖြင့်ပိုင်းဟန် ပြုံးပြုံးလေး လုပ်ပြလိုက်သည်။

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီ ဘယ်လိုပြုမူနေသည် လုံးဝစိတ်မ ၀ င်စားပါ။ သူက စမတ်နာရီကို ငုံ့ကြည့်လိုက်တော့ စကားလုံးတွေ ပေါ်လာတယ်။ စန္ဒရားပြိုင်ပွဲ၌ ရွှယ်ကျင်းရီ ကို အရှုံးပေးရမည် ဆိုသည့် မစ်ရှင်တစ်ခု ထုတ်ပြန်ခဲ့သည်။

" ဟား၊ မင်း ငါ့ကို အရှုံးပေးဖို့ပြောနေတာဘဲ၊ ငါက အနိုင်ရချင်တယ်။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရအောင်" ဟု

ကျိုးယွင်ရှန့် တိတ်တိတ်ဆိတ်ဆိတ် ရေရွတ်လိုက်စဉ် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် နာကျင်မှုတစ်ခုက တိုးဝင်လာသည့် အတွက် သူ မအံ့သြပေ။ ဒါက System က သူ့အမိန့်ကို မနာခံသည့်အတွက် ပေးအပ်သည့် အပြစ်ဒဏ်ဖြစ်သည်။ သူက မရှုံးချင်ဘူး၊ ဒါပေမယ့် system က သူ့ကို ပြိုင်ပွဲမှာ မတီးခတ်နိုင်တဲ့အထိ အရမ်းထိခိုက်အောင် လုပ်ဖို့ စီစဉ်ခဲ့သည်။

ဒါပေမယ့် ဒီ system က သူပေးတဲ့အပြစ်ဒဏ်ကို လူငယ်လေး ခံနိုင်ရည်ရှိနေမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။

ကျိုးယွင်ရှန့် သည် နာကျင်မှုကို အံတုကာ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်းလျှောက်သွားသည်။ သူသည် ပရိသတ်နှင့် ဒိုင်များကို ဦး ဦးညွှတ်ခြင်းမပြုခဲ့ချေ။ အဲဒီအစားသူက သူ့မေးရိုးကိုမြင့်မြင့်ထားပြီး မာနကြီးသည့် အမူယာကိုသာဖော်ပြခဲ့သည်။ system က ပေးအပ်သည့် နာကျင်မှုကသူ့ဆန္ဒကို မပျက်ယွင်းစေရုံမက သူ့ကို ပိုစိတ်လှုပ်ရှားစေသည်။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now