Part 14*

54K 4.6K 158
                                    

သီဟမင်းထင် အိမ်ကထွက်လာပြီး တစ်နေရာသို့ သွားဖို့ ရှိုင်းသန့်ကို ပြောလိုက်သည်။

" မင်းဝေ ငါပေးထားတဲ့အတိုင်း သေချာစုံစမ်း၊ အချက်အလက်အပြည့်အစုံ ငါလိုချင်တယ်! "

" နားလည်ပါပြီ Boss "

မြတ်ထွဋ်ခေါင် ပို့ထားတဲ့ message ကိုဖတ်ရင်း ဒေါသထွက်နေသည့်ကြားက ပြုံးမိသည်။ ဂျစ်ကန်ကန်ဖြစ်နေသော်လည်း သဘောကျနေသူက ကိုယ် ကိုယ်တိုင်မို့အပြစ်လည်းမမြင်ရက်ပေ။

" Boss ရောက်ပြီ "

သီဟမင်းထင် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ကာ ကားပေါ်က ဆင်းလိုက်သည်။ စိတ်မကြည်လင်မှုနဲ​့ဒေါသဖြစ်မှုတွေက မျက်နှာပေါ်မှာ ထင်ဟပ်နေသည်။

ရောက်နေတဲ့ဆိုင်ထဲဝင်ကာ ဟိုကြည့်ဒီကြည့်လုပ်တော့ တနေရာမှာ သူချိန်းထားသောသူအားတွေ့သည်မို့ ခြေလှမ်းခပ်ကျဲကျဲဖြင့်လျှောက်လာသည်။

ထိုလူထိုင်နေသော စားပွဲဝိုင်းတွင် ခွင့်ပြုချက်မတောင်းပါပဲ သီဟဝင်ထိုင်လိုက်သည်။

" ဟက် ရောက်တောင်ရောက်လာပြီလား "

" ......... "

" လူကိုယ်တိုင်လာတွေ့တယ်ဆိုတော့ အရေးကြီးကိစရှိနေပုံပဲ "

" မင်း ဘာလိုချင်နေတာလဲ မင်းမြတ်စိုး "

လေသံဟာ အေးစက်စက်ဖြစ်နေ၏။ သို့သော် မျက်ဝန်းများကတော့ ကြောက်ရွံဖွယ်ကောင်းနေသည်။

" ဟေ့ အဲ့လို ဒဲ့တိုးကြီးမေးရသလား "

" မင်းနဲ့ငါ စကားပြောဖို့ အချိန်အများကြီးရှိမနေဘူး "

" ငါ ဘာလိုချင်တယ်လို့ မင်းထင်နေလို့လဲ "

" ဟ မင်းက ငါ့ကိုပြန်မေးနေပါလား၊ မင်းဘာလိုချင်မှန်းငါမသိဘူး၊ ဒါပေမယ့် မင်းလိုချင်တာရှိလည်း ငါကပေးမှာမဟုတ်ဘူး ဒါလေးသတိပေးချင်လို့ အခုလို တကူးတကလာတွေ့တာ "

" မင်းမပေးလည်း ငါက ရအောင်ယူတတ်တယ်လေ မင်းအသိဆုံးပဲဖြစ်မှာပေါ့ "

" မင်း ကြိုက်သလိုသာယူ ဒါပေမယ့် ငါ့စီကတော့ မင်းလိုချင်တာရမှာ မဟုတ်ဘူး၊ ဒါနဲ့ ကလေးဆန်ဆန် စာအိတ်တွေနဲ့ပို့ပြီးတုန်လှုပ်အောင်လုပ်မနေနဲ့နော်၊ ဟားးးဟားးးး "

မောင့်မူပိုင် (Completed) Where stories live. Discover now