3.11

654 63 1
                                    

Unicode

Lina တစ်ယောက် သူမအကြံကိုအကောင်အထည်ဖော်ဖို့ အင်တာနက်ကဖေးဆိုင်ကိုချီတက်တော့တယ်
ဒါပေမယ့် သူမ အခန်းကအထွက်မှာပဲ
ဇာတ်လိုက်မနဲ့တိုးတော့တယ်

သူမရဲ့ Lina ကိုကြည့်တဲ့အကြည့်တွေဟာ
လှောင်ရိပ်သန်းနေတယ်
Lina ကိုတစ်ချက်ကြည့်ပီးတော့ တက်ကြွစွာပဲအထဲဝင်သွားတယ်

' ရှောင်း နင်တွေ့လိုက်လား ဇာတ်လိုက်မ ငါ့ကိုကြည့်သွားတာလေ
သူတစ်ခုခုကြံစည်ထားပုံရတယ်'

'ဟုတ်တယ် သူကြံစည်ထားတယ် host ကိုသတ်ဖို့လေ ဒီနေ့ host သူ့အကြောင်း ဖော်ထုတ်လိုက်တာကြောင့် ဝန်ကြီးချုပ်သားကို ပြောပီးသတ်ခိုင်းလိုက်တာ '

' ဒါနဲ့ ရှောင်း နင်အရမ်းအေးဆေးနေတယ်နော် ငါ့ကိုသတ်ဖို့လုပ်တာ လေ'

'မသိရင် host ကတော်တော်လေးကြောက်နေပုံနဲ့ ဟမ့်ရယ်ရတယ် host ရဲ့ချစ်ချစ်ကြီးရှိနေတာလေ စိတ်မပူပါဘူး'

' သူမရှိလည်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်နော် လာလေ သူတို့ဘက်က ငါ့ကိုအရင်သတ်နိုင်မလား ငါ့ဘက်က အရင်သူတို့ကို
အပြတ်ရှင်းနိုင်မလားကြည့်တာပေါ့ '

ရှောင်းကိုပြောလည်းပြော Lina သူမ မျက်နှာကို ဦးထုပ်နဲ့ကွယ်လိုက်ပီး
ကဖေးဆိုင်ကိုဦးတည်လိုက်တယ်





နောက်နှစ်နာရီအကြာမြို့တော်ခန်းမ မှာတော့
ဝန်ကြီးချုပ်ရဲ့သတင်းစာရှင်းလင်းပွဲကျင်းပနေတာမို့သတင်းစာတိုက်မျိုးစုံမှ သတင်းထောက်တွေ နဲ့ပြည့်နှက်နေတယ်

ဝန်ကြီးချုပ်ဟာ သူ့ရဲ့လုပ်ငန်းတွေ သူဆောင်ရွက်နေတဲ့အရာတွေနဲ့ ပတ်သက်ပီးရှင်းပြနေတယ်
ပုံတွေ ဗီဒီယို အထောက်အထားတွေနဲ့ပေါ့
တစ်ခုပီးတစ်ခုရှင်းပြနေတုန်းမှာပဲ
ဗီဒီယိုတစ်ခုအရောက်မှာ မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားငိုည ည်းနေသံနဲ့ ယောကျာ်း တစ်ယောက်ရဲ့ အားရဝမ်းသာ သံတွေ ဟာပေါ်ထွက်လာတော့တယ် သတင်းထောက်အားလုံးဟာ လည်း
ဗီဒီယိုကြောင့်အံ့သြထိတ်လန့်ကုန်ကြတယ်

နောက်ထပ်အလားတူ ဗီဒီယိုတွေ လူသတ်ပီး
အပြတ်ရှင်းခဲ့တာတွေ
နောက်ဆုံးတစ်ခုကတော့ အပီးသတ်ရိုက်ချလိုက်ခြင်းပဲ

villain systemWhere stories live. Discover now