၅၈ (side couple)

9.2K 1.3K 32
                                    

Unicode

ကျွန်တော် အစ်ကို့ကို လက်မလျှော့မချင်း
အခြားဘယ်သူနဲ့မှ လက်မထပ်ရဘူး!

ချန်းရွှီသည် နိုးနိုးချင်းပင် မိမိမှာ ဆေးခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အလိုလို သိရှိသွားရလေ၏။ သို့သော် မည်ကဲ့သို့ ဆေးခံခတ်ခဲ့ရကြောင်းကိုမူ အသေအချာ မတွေးတောနိုင်ခဲ့ပါပေ။ သူသည် ရန်းချီ၏အခန်းအတွင်းသို့ အတိတ်အခါက ရောက်ရှိခဲ့ဖူးသောကြောင့် တစ်ဖက်မှ အိပ်ရာကိုလည်း ရင်းနှီးပြီး ဖြစ်ရသည်။ ထို့အပြင် ၎င်းအိပ်ရာ၏ဘေးဘက်မှ အံဆွဲထက်တွင်လည်း တစ်ခါက သူကိုယ်တိုင် ထိုကောင်လေးထံသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖူးပါသည့် အလှကျောက်တစ်ခုက တည်ရှိလျက်။

ချန်းရွှီ၏ အပေါ်ကုတ်သည်ကား ဆွဲချွတ်ခံခဲ့ရပြီး ဖြစ်၍ အောက်ဘက်ရှပ်အကျႌထက်မှ ကြယ်သီးများကမူ ခပ်ဟဟ ပြေဟနေဆဲ။ ထို့နောက် တစ်စွန်းတစ်စ ဗလာကျင်းနေပါသော သူ၏ရင်ဘတ်ထက်တွင် ယောကျ်ားတစ်ယောက်က လဲလျောင်းကာ သူ၏ပွင့်ချပ်နှစ်ခုအား နှုတ်ခမ်းလွှာများဖြင့် စိုစွတ်သည်အထိ စုပ်ယူနေခဲ့ပေ၏။

ထိုကဲ့သို့သော အခြင်းအရာမျိုးမှာ ချန်းရွှီအတွက် ပထမဆုံးသော အတွေ့အကြုံဖြစ်ရသည်ပင်။ သူသည် လက်တစ်ဖက်မျှ မြှောက်၍ တစ်ဖက်လူအား တားရန်ဟန်ပြင်လိုက်မိသည့်တိုင် တကယ့်လက်တွေ့တွင်မူ သူ၏လက်များမှာ အားအင် သေးသေးလေးမျှ ရှိမနေခဲ့။ ရန်းချီအား တွန်းဖယ်ရန် ရည်ရွယ်ထားပါသည့် သူ၏လက်ဖဝါးမှာလည်း တစ်ဖက်လူ၏ပခုံး ထက်တွင်သာ နွမ်းလျစွာဖြင့် သောင်တင်နေခဲ့ရလေ၏။

ထို့ကြောင့် ရန်းချီသည် နောက်ဆုံး၌ အံကိုကြိတ်လျက် စကားဆိုရန်သာ တတ်နိုင်ခဲ့တော့ပေသည်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ!?"

သူ၏အသံအား ကြားသောအခါ ရန်းချီ၏တစ်ကိုယ်လုံးသည် ဆတ်ခနဲ တောင့်တင်းသွားရ၏။ ထို့နောက် ရန်းချီက သူ့ကို တဖြည်းဖြည်း ခေါင်းမော့ကာ ကြည့်လာခဲ့လေသည်။ ၎င်းအသွင်အပြင်မှာ တစ်ခေတ်တစ်ခါက အလှပဆုံး အမျိုးသမီးဖြစ်ခဲ့ဖူးပါသည့် အန်တီလေးဖြစ်သူနှင့်ပင် သွားတူသယောင်ယောင်။ သို့သော် ရန်းချီ၏မျက်ဝန်းများအတွင်း၌မူ နတ်ဆိုးတစ်ကောင်ကဲ့သို့ အန္တရာယ်များလွန်းသည့် အငွေ့အသက်များက စွန်းထင်းနေရကာ လိုချင်တပ်မက်စိတ်များကလည်း အပြည့်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now