အပိုင်း ၂၀

3.4K 140 0
                                    

(unicode)

" မကြာခင်မှောင်တော့မယ်၊ ကိုယ့်ပြန်ပြီး သော်လင်း "

လက်ပတ်နာရီကိုကြည်လျက် ထရပ်လိုက်လျှင် ဆိုဖာထက်၌ လဲလျောင်းလျက်ရှိနေသည် သော်လင်းမှ စကားဆိုလာသည်။

" ကိုနေ့သစ် ဒီကောင်ကိုပါ လမ်းကြုံ့ခေါ်သွားပေး "

" ရတယ်လေ "

" ကိုနေ့သစ်နဲ့ လိုက်သွားတော့ "

သော်လင်းခြေထောက်​နားထိုင်နေသူ ငြိမ်းချမ်းအား ခြေထောက်ဖြင့်တွန်း၍ ဆိုလိုက်သည်။

" အေးပါကွာ၊ ဇွတ်ကန်မနေ့နဲ "

ကိုနေ့သစ်နှင့် ငြိမ်းချမ်းတို့ပြန်သွားပြီး မကြာသောအချိန်အတွင်း လူထင်ဆီမှ ဖုန်းဝင်လာ၏။

" Hello လူထင် "

" မင်းဆီမှာ ဇန်ရှိနေလား "

" မရှိဘူး လူထင် "

ချသွားပြီးဖြစ်သောဖုန်းကိုကြည့်လျက် ပခုံးတစ်ချက် တွန့်မိသည်။ လူထင်သည်လည်း ငြိမ်းချမ်းကို တော်တော်ရှာနိုင်၏။  ငြိမ်းချမ်းနှင့် သော်လင်းကလည်း ဘဝတူအချင်းချင်းဖြစ်၍ထင် ပိုတွဲမိပေ၏။

လူထင်​ကျော်ခြံရှေ့ကို မျက်ခြေမပြတ်ကြည်နေမိသည်။ ဇန်တစ်ယောက် ပြန်မရောက်လာသေး။ အိမ်ဝရံတာမှ ခြံဝဆီကြည့်နေချိန် ကားတစ်စီးပေါ်မှ ဆင်းလာသူမှာ ဇန်။ ထို့မျှ မဟုတ်သေး။ စကားပြော၍ ရယ်(ရီ)နေသေး၏။ ထိုမြင်ကွင်းကို ဆက်ကြည်နေရင်းမှ နောက်ဆုံးအောက်ထပ်ထိ ဆင်းလာမိ၏။ ထိုမှခြံအပြင်သို့ ထွက်ကြည်မိသည်။

" ဇန် ! "

ခြံထဲဝင်ခါနီး ဇန်ကို အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်လျှင် ခဏသာကြည်လာ၏။ ပြီးလျှင် မသိဟန်ပြန်ပြုလိုက်ပေ၏။

" ဇန် ! "

မကြားဟန်ပြု၍ အိမ်ထဲဝင်သွားလေ၍ လိုက်မဝင်ဖြစ်တော့ဘဲ ခြံဝမှပင် ပြန်လှည့်လာခဲ့လိုက်သည်။

...တီးတောင်.. (ဘဲလ်သံ)

တံခါးဖွင့်လိုက်လျှင် နှာခေါင်းထဲဝင်လာသော အရက်နံ့တို့သည် တော်တော်ဆိုးဝါးနေလေ၏။

" ခင်ဗျား ! နံ့လိုက်တာ၊ ဘယ်လောက်တောင်သောက်ခဲ့တာတုန်း "

အခန်းထဲသို့ခြေလှမ်းနေသူကို သော်လင်းတွဲကူထားလျက် မျက်နှာကို တစ်ဘက်သို့လှည့်ထားရ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now