Chapter-7

13.2K 1.7K 87
                                    

Unicode

ရုန်းထွက် မရခြင်းများ ၇

စာမေးပွဲ နောက်ဆုံးဘာသာ နီးကပ်လာသည်နှင့် ချစ်နိုင်းစိတ်တွေကလည်းပိုပြီး
ဂယောင်ခြောက်ခြားဖြစ်လို့လာသည်။
ရှေ့ဘာသာတွေဖြေနိုင်လား မဖြေနိုင်လား
သူ့ကိုယ်သူမဆုံးဖြတ်တတ်တော့သလို
ကျန်တဲ့ဘာသာရော ဖြေနိုင်ပါ့မလားဆိုသည့် ဖိအားကြောင့် လူက ရူးကြောင်ကြောင်။

ဒီနေ့လည်း မနက်ကတည်းက ကြက်တောင်စည်းကို ထိပ်မှာထောင်လို့
အိမ်ပေါက်ဝမှာ စာထိုင်ကျက်နေတာ နေ့လည်ရောက်တဲ့အထိမထရ။ စာက မကျက်ရင်လဲမကျက်လို့ ကျက်ရင်းလဲထမင်းမစား ရေမသောက်ကို ကျက်တတ်တဲ့အကျင့်ရှိသည်။ ကိုကိုကတော့ တစ်နေကုန်ဧည့်ခန်းထဲက မထွက်။ ဇာတ်ကားကြည့်ရင်း ဆက်တီပေါ်မှာလှဲပြနေသူကို မမြင်ချင်တာကြောင့် ချစ်နိုင်းကပဲ အပြင်ထွက်ကျက်နေရသည်။

ခုချိန် ကိုကိုမပြောနှင့် မြောင်းထဲအသင့်ရေကူးနေသည့် ဘဲတွေကိုတောင် ချစ်နိုင်းမနာလိုသည်။ ပျိုးခြံစောင့်အိမ်က ခွေးကိုလဲ ချစ်နိုင်းကြည့်မရ။ အေးဆေးနေတဲ့သူ မှန်သမျှကို မျက်စိဆံပင်မွေးစူးနေရချိန်ဖြစ်သည်။ သူကတော့ စုတ်ပြတ်သတ်နေတဲ့ ရုပ်နဲ့စာကျက်နေရပြီး တစ်လောကလုံးကတော့ အေးချမ်းသက်သာနေရသည်းကိုး။
တစ်ခါတစ်လေ စွမ်းဟိန်းဆီဖုန်းဆက်ပြီး
သူရောကိုယ်ပါ ညည်းလိုက်ရရင်တော့ နည်းနည်းသက်သာပါသေးသည်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်ပြီးရင်တော့ ချစ်နိုင်း
အလုပ်သင်ဆရာဝန်ဖြစ်ပြီ။ စာအုပ်ပုံထဲချည်း ခေါင်းနှစ်စရာမလိုတော့လောက်ဖူးမို့
အဲ့ဒီအချိန်လေးကို မျှော်မှန်းပြီး ကြိုးစားကျက်နေရသည်။ ကိုကို.. ကိုကို ..ချစ်နိုင်းကို
တော်တော်ဒုက္ခပေးနိုင်ပါသည်။ ကိုကို့ကိုသာ
မကြိုက်မိရင် သူလည်းဆရာဝန်လုပ်ဖို့
အာရုံတောင်ရခဲ့မည်မဟုတ်။ ခုတော့ သူများတွေထက် ပျော်ချိန်ပါးချိန်ကလည်း နည်းပါးသေးသည်။

ချစ်နိုင်းတစ်ယောက် ဆူပုတ်ပုတ်နှင့် ဧည့်ခန်းဘက်လှည့်ကာ မျက်နှာမဲ့လိုက်မိသည်။
အချစ်ဆိုတာ တကယ်တော့ အပူမှအပူ။
ငယ်ငယ်ရွယ်ရွယ်နှင့် သူ့မှာ ချစ်လိုက်ရတာ။
အလကား ကိုကို။ ပြန်ကျ ချစ်မပေးပဲနဲ့။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now