Chapter (86)

18K 2.7K 131
                                    

[TN:ပြီးဆုံးရန် 2 ပိုင်းသာကျန်ပါတော့သည်]

နောက်တစ်နေ့နံနက်မှာမုန့်ရန် အိပ်ရာအစောကြီးနိုးနေခဲ့တယ်။လက်ထောက်တစ်ယောက်က Selsey ပြန်ရောက်ပြီဖြစ်ကြောင်း သတင်းလာပို့ခဲ့တယ်။

ရေချိုးပြီးတာနဲ့ Selsey ရဲ့ အခန်းဆီသွားလိုက်တယ်။

Selsey ရေချိုးခန်းထဲက ထွက်လာတာကိုမြင်တာနဲ့ မုန့်ရန်က ချက်ချင်း မေးလိုက်တယ်။

"မင်းလိုချင်တဲ့ လှုံ့ဆော်မှုကိုဘယ်လို ရှာတွေ့ခဲ့လဲ??"

မနေ့ညက စာထဲမှာ စိတ်ကူးညာဏ်ကွန့်မြူးနိူင်ဖို့ လှုံ့ဆော်ပေးနိူင်မယ့်အရာကို သွားရှာမယ့်အကြောင်းရေးပေးခဲ့တယ်လေ.....

"အရမ်းကောင်းတဲ့ လှုံ့ဆော်မှုမျိုးရခဲ့တယ်ကွ...."

Selsey က ကုတင်ပေါ်မှာ လှဲအိပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

"ငါ အရမ်းပင်ပန်းနေပြီ...."

"မင်းတစ်ညလုံးမအိပ်ရသေးဘူးလား?"

မုန့်ရန်က ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

"ဟုတ်တယ်...တစ်ညလုံးမအိပ်ရသေးဘူး...."

Selsey ကစောင်ခြုံလိုက်ပြီး မုန့်ရန်ကို ကြည့်ပြီးပြောလိုက်တယ်။

"ငါ စိတ်ထိန်းလို့မရသေးဘူး။အရိုးသားဆုံးလူတစ်ယောက်ကို အသုံးချလိုက်မိပြီ...သူ့ရဲ့အပြုအမူတွေကို တွေးလိုက်မိတိုင်း အခုကတည်းက နောင်တရနေပြီ....."

Selsey ရဲ့ Character ကိုသေချာသိတဲ့ မုန့်ရန်က Seley ရဲ့ အစွမ်းအစကို တိတ်တဆိတ်ချီးကျူးနေမိတယ်။Unateng လို လူရိုးလူအေးကြီးကို တစ်ညတည်းနဲ့ သိမ်းသွင်းနိူင်ခဲ့တယ်ဆိုတော့.....

"စိတ်တော့မကောင်းဘူးကွာ...နောက်တစ်ခါတောင်ပေါ်စျေးကိုရောက်ရင် သူ့ဆိုင်က အရသာရှိတဲ့ဟင်းတွေကို စားခွင့်မရှိတော့ဘူး...."

Seley ရဲ့လေသံထဲမှာ နှမြောတသတဲ့ အရိပ်အယောင်တွေစွန်းထင်းနေတယ်။

အခုမှအိပ်ရာနိုးလာတဲ့ Kai က Selsey အခန်းထဲမှာ မုန့်ရန်ရောက်နေတာကိုမြင်တာနဲ့...

"ငါ့ကိုချန်ထားပြီး နှစ်ယောက်တည်း ဘာတွေပြောနေကြတာလဲ??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now