အပိုင်း ၂၁

3.4K 142 0
                                    

(unicode)

" သော်လင်း ကိုယ်ကိုကြည် "

သော်လင်းကိုယ်ထက်အုပ်မိုးထားသူနှင့် အကြည့်ချင်း ဆုံစေလိုက်သည်။ အလွန်နီးကပ်နေသော အကွားအဝေးကြောင့် ရင်ခုန်နှုန်းသံမှာ ပိုကျယ်လာ၏။ ​နှလုံးခုန်သံတို့သည် သော်လင်းဆီမှလား၊ ဒေါင်းမာန်ဆီမှလားကိုပင် ဝေခွဲမရလောက်အောင် နားဝယ်ပြန်ကြားနေမိအထိပင်။

" ချစ်လား "

"....."

" ဘေဘီ "

" အဖြေပေး​​ပြီးရင် ဘာမှမလုပ်ရဘူးနော် "

" သဘော "

" ကိုယ်ကို ချစ်တယ်ဟုတ် "

" ဘယ်လို့ "

အမေးက "ချစ်လား" မဟုတ်ဘဲ "ချစ်တယ်ဟုတ်" တဲ့။ စီးပွားရေးသမားပီသစွာ အပိုင်တွက် ချက်ပြီးမှ အဖြေတောင်းပုံပင်။

" ဖြေတော့လေ ဘေဘီ "

" အင်း အင်း ချစ်တယ် "

ပျော်ရွှင်မှုသည် အတိုင်းအဆမရှိ။ ရိုးရိုးရှင်းရှင်းစကားလေးနှစ်လုံးကြောင့် ရင်ခုန်သံတို့သည် အပြိုပြိုအလဲလဲဖြစ်ရလေ၏။

" သေချာလား "

" အင်း "

" ကိုယ့်လည်း ဘေဘီကိုအရမ်းချစ်တယ်  ရွှတ် "

ပါးပြင်ထက် အနမ်းတစ်ပွင့်ချွေလိုက်ပြီး အပေါ်မှအုပ်မိုးထားရာမှဘေးသို့ အသာလှဲလိုက်ပြီး သော်လင်းအား ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။ သေးကွေးသောကိုယ်လုံးလေးမှာ ကျစ်လစ်သော လက်မောင်းများကြား ပျောက်လုမတတ်ရှိနေပေ ၏။

" လူကြီး "

" ဘယ်လို့ခေါ်လိုက်တာလဲ ဘေဘီ "

"......."

ဒေါင်းမာန် ကိုယ်နားကိုပင် မယုံနိုင်သည်အထိဖြစ်ရ၏။ "လူကြီး"လို့ နာမ်စားပြုခေါ်လိုက်တယ်တဲ့လေ။ ထိုအခေါ်၌လည်း ဒေါင်းမာန် အခါခါပစ်ကြွေရပြန်၏။

" ကျွန်တော် တောင်းပန်ပါတယ် "

" ကိုယ်ကိုရှင်းအောင်ပြောအုန်း။ ရင်တုန်ရအောင်မလုပ်နဲ့ ဘေဘီ "

" ချစ်တယ် "

စကားဆိုပြီးသည်နှင့် လူကြီးရင်ခွင်ထဲသို့ ပိုတိုး ဝင်လိုက်ရင်း ငြိမ်သက်နေမိသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now