3.3

3.3K 578 13
                                    

(Unicode)

ကမ္ဘာပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ချန်လီကောလိုလူအတွက် ၆နှစ်ဆိုတာ ခဏလေးပါ
ထို၆နှစ်အတွင်း သူနဲ့ လုကျစ်ရန်တို့ရဲ့ဆက်ဆံရေးက ပိုပြီး နီးကပ်လာခဲ့တယ် လုကျစ်ယန်က သူနဲ့ပတ်သက်တဲ့အရာအားလုံးကို ဂရုစိုက်ခဲ့တယ်
ချန်လီကောသာ တကယ်ကလေးတစ်ယောက်သာဆိုရင် သူလည်း လုကျစ်ရန်လို ဖြစ်လာမှာပဲ

ဒါပေမဲ့ စိတ်မကောင်းစရာက သူက အသုံးမကျတဲ့ အရွယ်ရောက်နေတဲ့ ချန်လီကောဖြစ်ပြီးသားမိုလို့ပဲ

ကံကောင်းတာက သူက သူ့သားကိုတော်ရမယ်လို့မတောင်းဆိုထားဘူး သူ့သားရဲ့ သဘောထားကို သိမြင်လာကတည်းက သူအသက်ရှင်နေသမျှကာလပတ်လုံး သူ့သားကို ကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်ထားတယ်

အလယ်တန်းရောက်တော့ ချန်လီကောလည်း
အိမ်မှာနေပြီး spongebob ကြည့်လို့မရတော့ဘူး
ကျောင်းသွားတက်ရတော့တယ်

ပထမတစ်ပတ်မှာ ချန်လီကော အိမ်ပြန်ချင်တယ်

ဒုတိယတစ်ပတ်မှာလည်း အိမ်ပြန်ချင်တယ်

တတိယတစ်ပတ်ကြတော့လည်း အိမ်ပြန်ချင်တယ်

စတုတ္ထတစ်ပတ်မှာ ချန်လီကော အတန်းမတက်တော့ဘူး
ထို့နောက် သူ ဇာတ်လိုက်မ လုမိန်ချင်းကို လိုက်ရှာတယ်

လုမိန်ချင်းက စိတ်ကောင်းရှိတဲ့ ကောင်မလေး တစ်ယောက်ပါ သူကြိုက်တဲ့ သူ့ငယ်ချစ်ဦးကောင်လေးက သူ့လောက်မကောင်းတာ
နှမြောစရာပဲ

လုမိန်ချင်းနဲ့ယွမ်အန်းကောက သူတို့မုန့်ဖိုးတွေကို
ဂိမ်းစက်မှာ အကြွေစေ့ လဲ နေတာကို ချန်လီကောကတွေ့လိုက်တယ်

ချန်လီကောက ပုန်းပြီးချောင်းရင် "ဝိုး ဝိုး ဝိုး
ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပဲ"

system-".........."

ချန်လီကော-ငါမထင်ထားဘူး ဇာတ်လိုက်မလို
မျက်ခုံးကောင်းကောင်း မျက်လုံးဝိုင်းဝိုင်းရှိတဲ့သူက ဒါမျိုးလုပ်လိမ့်မယ်လို့

system-ဆယ်ကျော်သက် အချစ်ဇာတ်လမ်း
ရပ်တန့်သွားတဲ့အချိန်က အသက်ဘယ်လောက်လောက်မှာလဲ

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now