Epi(7) Unicode

11K 1K 22
                                    

အပိုင်း(၇)

ကျူရှင်လမ်းလေးက လမ်းသွယ်လေးဖြစ်သည်။ တိုက်များတန်းစီနေသော်လည်း လူအရမ်းမရှုပ်။သူတို့အုပ်စုတက်နေသော ကျူရှင်မှာ မြေညီထပ်ဖြစ်၍တော်သေးသည်။

‌လေးနာရီကျူရှင်ဆင်းသော်လည်း ဒီနေ့မှ တီချယ်က နေမကောင်းသဖြင့်စောစော ‌ဆင်းပေးလိုက်ခြင်း။

ဆူးက မပြန်ဘဲ အပေါက်၀မှာရပ်နေသဖြင့် ရတုရှင်းဟန်ကလှမ်းမေး၏။

"ဆူး မပြန်သေးဘူးလား "

"မပြန်သေးဘူး ခီကူးကိုစောင့်နေတာ ‌နင်ပါနေခဲ့လေ "

"ငါမအားဘူး ဒါဆိုငါသွားပြီ ၊နင့်ဘာသာစောင့် "

မသိလျှင် ရည်းစားဘဲရှိသလိုလိုနဲ့ ကော့တော့ကောတော့ထွက်သွားသော ရတုမင်းကိုကြည့်၍ ဆူးကမဲ့သည်။

အပို !ရည်းစားလည်းမရှိဘဲ မအားဘူးဘာညာနဲ့ ..အလကားကောင်!

အမှန်တော့ ဆူး ဇဏ့်ကိူစောင့်နေတာမဟုတ် ၊ Crushကိုကြီးကိုစောင့်ရင်း ‌ဖြတ်သွားတဲ့ အလှတရားများကို ခံစားနေတာဖြစ်သည်။ကိုကြီးမျက်နှာမမြင်ရတာ အတော်ကြာ‌ပြီလေ ။

တန်ကူးကလည်း လုံး၀ထွက်မလာသေး။ ဆရာမက"စာမေးစရာရှိရင် နေခဲ့ "လို့ပြောတာကို လျှာရှည်ကာနေခဲ့ခြင်းဖြစ်သည်။

စောက် Hyper တွေ ကောင်းကျိုးကိုမပေးဘူး !

‌ကြိုးစားလည်း အတော်အသင့်ပေါ့ သေရင်ကိုယ့်နောက်မပါတဲ့ဟာတွေကို မက်မောနေကြတာ !

တစ်ခဏကြာတော့မှ ဇဏ်က ထွက်လာသည်။ ပြီးတော့ ဆူးကို "ဘာရပ်လုပ်‌နေတာလဲ"ဆိုတဲ့သဘောနဲ့မျက်မှောင်ကျုတ်ကာ ကြည့်လာသဖြင့် သွားသာဖြဲပြလိုက်တော့ ခီကူး မျက်နှာ၌ အံဩသွားဟန်ပေါ်သည်။

အံ့ဩလည်း အံဩစရာ‌ဘဲလေ …ဆူးဒေဝီဆိုတာက ကျူရှင်ဆင်းတာနဲ့ အိမ်ကို ဘီးတပ်ထားတယ်လို့ထင်ရအောင် ပြေးတာ ။

ဆူးက ခီကူးရဲ့လက်ကိုပြေးချိတ်လိုက်ပြီး…

"ခီကူး လမ်းထိပ်မှာ ဒုတ်ထိုးသွားစားရအောင်လေ "

"တော်ပြီ "

ခီက တိုတိုတုတ်တုတ်သာ ပြောရင်း ထွက်သွားသည်။ ဆူးမှာသာ နောက်မှာတစ်ယောက်တည်းကျန်ခဲ့တာဖြစ်သည်။
ဆူးသည်  ခီတန်ကူးဇဏ်နောက်သို့ အော်ဟစ်ရင်း ပြေးလိုက်သွားသည် ။

Love Of My Life [Completed]Where stories live. Discover now