Chapter - 68

6.1K 1.2K 70
                                    

ဖန့်ဟွေက လက်ထဲမှာ တုတ်တစ်ချောင်းနဲ့။ တုတ်ကိုနံရံနဲ့ပစ်ရိုက်လိုက်တော့ လမ်းတစ်လျှောက်ပဲ့တင်တွေထပ်လာတဲ့ ရိုက်ခတ်သံနဲ့အတူ
‘‘ရို ရန်သူတော်တွေနဲ့ လာဆုံနေပါပေါ့လား?”

အရင်တစ်လနှစ်လလောက်ကသာဆို ဒီကောင်က ဘာမှဖြုန်လောက်စရာဖြစ်မှာမဟုတ်ပေမယ့် အခုကတော့.....အခြေနေက အစိုးမရတာမို့။

ပိုင်ယွိဝေကလည်း အရင်က သူ့ဆီမှာဓားစာခံအဖြစ်အဖမ်းခံရဖူးတာမို့ အကြောက်တရားတချို့နဲ့ မေးလာတယ်။
‘‘ဘယ်လိုလုပ်ကြမလဲ?”

‘‘လာ တခြားတစ်နေရာသွားရအောင်”
ရင်းချဲယ်လည်း ဖန့်ဟွေမှီမလာခင်ကို ဒီလမ်းကြားထဲကထွက်ပြီး လူများတဲ့နေရာဆီသွားဖို့ ပြင်ကာ ပြန်လှည့်လိုက်တယ်ဆိုရင်ပဲ

သူတို့လာခဲ့တဲ့လမ်းဆုံက အပိတ်ခံထားရပြီ။

‘‘ဘယ်သွားဖို့များတွေးနေတာတုန်း?”
အနောက်က လူလေးငါးယောက်နဲ့အတူ ကျောက်ကျန်ရှန်းက ထွက်ပေါက်ကိုပိတ်ထားလေတယ်။
‘‘အချိန်အတော်ကြာပြီးကာမှ မင်းတို့ချည်းတွေ့ရတာကို၊ အရင်အခေါက်ကကျ ငါ့ကောင်တွေကို မင်းရက်ရက်စက်စက် လုပ်သွားတာလေ” 

ရင်းချဲယ် ပိုင်ယွိဝေကိုနောက်မှာထားပြီး ကိုယ်လုံးနဲ့ကာထားပေးလိုက်တယ်။
‘‘သူနဲ့ဘာမှမဆိုင်ဘူး၊ သူ့ကိုပြန်ခွင့်‌ပေးလိုက်”

‘‘ဘယ်လိုတောင်လှလိုက်တဲ့အတွေးလေးလဲ၊ ငါ့ကိုအဲ့လောက်တုံးမယ်လို့ထင်နေလား? သူ့ကိုပြန်လွှတ်ပြီး တစ်ယောက်ယောက်ကိုသွားပြောခိုင်းဖို့အတွက်လေ?”

အဲ့အချိန်မှာပဲ ဖန့်ဟွေက သူတို့နောက်ကရောက်လာတယ်။
‘‘လိမ်လိမ်မာမာနဲ့သာ ငါတို့နဲ့လိုက်ခဲ့လိုက်စမ်းပါ၊ မင်းကောင်လေးနဲ့ငါတို့ကြားက အငြှိုးတွေပြေသွားတဲ့ချိန်ကျ မင်းတို့နှစ်ယောက်လုံးကို ပြန်လွှတ်ပေးမယ်လို့ကတိပေးတယ်”

ဖန့်ဟွေရဲ့ ဒီစကားတွေက သူ့ကိုရည်ရွယ်နေခြင်းသာ၊ သူတို့နှစ်‌ယောက် ပြတ်ဆဲပြီးသွားတဲ့အကြောင်းမသိသေးဘူးဆိုတာ အထင်းသား။

တစ်ဖက်က လူတွေအုပ်စုလိုက်၊ လက်ထဲမှာလည်း လက်နက်တွေနဲ့။ သူ့ဘက်ကတော့လက်ဗလာအပြင် အားနွဲ့တဲ့ ပိုင်ယွိဝေကိုလည်း ဆွဲခေါ်‌ခဲ့ရဦးမှာဆိုတော့ သူ့အနေနဲ့နိုင်ဖို့ကတော့လမ်းမမြင်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now