Part 15*

51.7K 4.2K 155
                                    

မြတ်ထွဋ်ခေါင် ဒီနေ့မှ ထူးထူးဆန်းဆန်း အစောကြီးနိုးနေ၏။ ဘေးကိုကြည့်တော့ အိပ်မောကျနေဆဲဖြစ်သည့်သီဟမင်းထင်။

အိပ်နေသည့်ပုံကိုက သူ့ရဲ့အရှိန်အဝါတွေမပျောက်သွား။ မျက်ခုံးထူထူ နှာတံစင်းစင်းနဲ့တည်ငြိမ်စွာအိပ်ပျော်နေသူအား မြတ်ထွဋ်ခေါင်တစ်ခွန်းတည်းသာပြောလိုက်၏။

" ကျက်သတုံးကောင်"

မနက်ခင်းလေးမှာ ဒီလိုမှမပြောရရင် ထွဋ်ခေါင်စိတ်ထဲ မတင်မကျဖြစ်သလိုခံစားရသည်။ မျက်နှာသစ် အောက်ထပ်ကိုဆင်းတော့မနက်စာအဆင်သင့်ဖြစ်နေပြီမို့မစောင့်တော့ပဲစားနေလိုက်သည်။

" သခင်လေး "

" ပြော "

" ဧည့်သည်ရောက်နေပါတယ် "

" ဧည့်သည်! "

" ဟုတ်ပါတယ် Boss နဲ့တွေ့ချင်လို့ပါတဲ့ "

" သီဟမင်းထင် မနိုးသေးဘူးပြောလိုက်၊ အိမ်ကိုဘယ်ကဧည့်သည်တွေလာနေတာလဲ အာရုံနောက်တယ် "

ထုံးစံအတိုင်းအလိုမကျမှုကြောင့်မျက်နှာဟာခက်ထန်သွား၏။

" အစ်ကိုသီဟ "

စကားပြောနေရင်း မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့် သီဟ မျက်မှောင်ကျုံ့သွားသည်။ ဘယ်လိုများ အိမ်ထဲထိရောက်အောင်ဝင်လာရတာလဲ ။

စားနေရာမှထကာ အပြင်ကိုထွက်လာတော့ ဧည့်ခန်းထဲအခန့်သားထိုင်နေတဲ့ ဟိုတစ်နေ့က အမျိုးသမီး။ သူမှတ်မိပါ၏။

" အော် ကျွန်မ အစ်ကိုသီဟကိုလာတွေ့တာ အစ်ကုိ့ကိုမဟုတ်ဘူး "

" ဟားးးဟားးး အထင်မှားနေတဲ့ပုံပဲ။ ငါကလည်းမင်းကိုတကူးတကလာတွေ့တာမဟုတ်ပါဘူး။ လာလမ်းအတိုင်းပြန်လိုက်ပါလို့လာပြောတာ "

" ကျွန်မကဘာလို့ရှင်ပြောတဲ့အတိုင်းပြန်ရမှာလဲ။ ကျွန်မနဲ့ရှင်နဲ့ကသိတာမှမဟုတ်တာ။ အစ်ကိုသီဟနဲ့ပဲစကားပြောမယ် "

" အမှတ်မှားနေပုံပဲ။ ဒါက သီဟမင်းထင်နဲ့ငါ့ရဲ့ ပိုင်ဆိုင်တဲ့နယ်မြေပဲ။ မင်းကသာ သူစိမ်းတစ်ယောက်။ မင်းနဲ့မပတ်သတ်ရင်တောင် ငါနဲ့သီဟမင်းထင်နဲ့ကတော့ပတ်သတ်တယ်"

မောင့်မူပိုင် (Completed) Where stories live. Discover now