အပိုင်း (၇၂၇) - ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးနိုင်သည့် စွမ်းအား

2.2K 261 1
                                    

Zawgyi


တည်ဆောက်မှုမှာ ပြိုကွဲမသွားပဲ တိမ်တိုက်များသည် ပိုပို၍ထူလာ သည်။ ထိုအဘိုးကြီးများ၏ မျက်နှာများမှာ သွေးမရှိတော့ပေ။

"မိတ်ဆွေလေး မိတ်ဆွေလေး အားလုံးဆွေးနွေးလို့ရပါတယ်၊ ဒီ တည်ဆောက်မှုကိုဖွင့်ပေးပါ ငါတို့မင်္ဂလာသားရဲကို မလိုချင်တော့ပါဘူး၊ ဘယ်လိုလဲ" လူတစ်ယောက်သည် အော်ကာ ရှီမာယူယူနှင့် အပေးအယူ တည့်ရန်ကြိုးစားလေသည်။

"အခုမှပဲပြောတော့တယ် နောက်ကျနေပြီလို့မထင်ဘူးလား" ရှီမာယူယူ သည် သူတို့မျက်လုံးများထဲမှ ကြောက်ရွံ့မှုနှင့် ဒေါသများကို ပျော်မွေ့ နေသည်။ ထိုလူများသည် အမြဲလိုလိုပင် ဘဝင်မြင့်ကာအထက်တွင်နေခဲ့ သည်။ သူတို့သည် စင်းတီတုံးပေါ်တွင် လှီးဖြတ်ခံရသည့်ခံစားချက်မျိုးကို မခံစားခဲ့ဖူးကြပေ။

"မိတ်ဆွေလေး မင်းတည်ဆောက်မှုကိုဖွင့်လိုက်တာနဲ့ ငါတို့ဘာရန်ငြိုး မှမရှိတော့ဘူး" လူတစ်ယောက်က အော်လိုက်သည်။

"ပြန်လည်သင့်မြတ်ချင်တာလား" ရှီမာယူယူသည် အခုချိန်ထိ ကိုယ့် ကိုယ်သာကြည့်ပြီး အပေါ်စီး ဆက်ဆံနေသော ထိုလူများကိုကြည့်နေ လိုက်သည်။ "ဒီမတိုင်ခင်ဆိုရင်တော့ ပြန်သင့်မြတ်တာက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ ဒါပေမဲ့ အခုတော့အရမ်းနောက်ကျသွားပြီ၊ ပြီးတော့ ဒီနေ့ခင်ဗျားတို့ကိုလွှတ်ပေးပြီး သင့်မြတ် အောင်လုပ်မယ်ဆိုရင်တောင် ခင်ဗျားတို့ကနောက်ကို လွှတ်မပေးမှာစိုးတယ်၊ အဲဒါကြောင့် ဘာလို့သင့်မြတ် အောင်လုပ်တော့မှာလဲ"

"မိတ်ဆွေလေး မင်းတကယ်ပဲအင်အားကြီးတွေကို ဆန့်ကျင်တော့မှာ လား၊ မင်းက ကောင်းကင်ဂိုဏ်းရဲ့ ကျောင်းသားဆိုရင်တောင် ဂိုဏ်းကမင်း ကိုခွင့်ပြုမှာမဟုတ်ဘူး" ဖျောင်းဖျခြင်းမှာ အသုံးမဝင်ဟုသိသည်နှင့် ခြိမ်းခြောက်လာကြသည်။

"ဒီနေ့ကိစ္စက ဘယ်လိုဖြစ်ပြီးဂိုဏ်းနဲ့သက်ဆိုင်သွားတာလဲ" ရှီမာယူယူ ငြင်းဆန်လေသည် "ကျွန်တော် တို့က ဂိုဏ်းကကျောင်းသားတွေဖြစ်ပေမယ့် ဂိုဏ်းကဒီကိစ္စကို အရင်ကတည်းကလျစ်လျူရှုပြီးသား အဲတော့ ဒီကိစ္စက ကျွန်တော်တို့ကိစ္စပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now