part10(Zawgyi)

3.2K 30 0
                                    

Love + Love
|Author Blackclock

   " ဟိုင်း "
"ဘေဘီပေါက်စ ရောက်ပြီလား"

   " ဟာ ဒယ်ဒီကလည်း အလုပ်တွေခဏနားပြီး
     အနား လာထိုင်ပါဦး"
"သစ္စာဖောက်မလေးကို စကားမပြောချင်ဘူးဟေ့"
"ဟာ ဖေဖေနော်"
"အဟား မကောက်တော်မူပါနဲ့ သမီးတော်ရယ်
ဘယ်လိုလဲ ဟိုကောင် သမီးကို စွဲလန်းနေပြီတဲ့လား"

    ဒယ်ဒီ သူမ ရောက်လာတည်းက အလုပ်စားပွဲ
မှာ ထိုင်လုပ်နေရာက အနားကို လျှောက်လာ
ရင်း ပြောလာ လေသည်။

   " ဆိုပါတော့ ဒယ်ဒီရယ်……"
"ဘာလဲဟ သနားနေတာလား ကျားသစ်မလေးရယ်"
"သမီးသူ့ကို သိပ်ချစ်တယ်"
"ဒါပေမယ့် သူက ဒယ်ဒီကို
သတ်မယ့် ရန်သူလေ"

    "ဒယ်ဒီကလည်း ဒယ်ဒီက လူလည်ကြီးပဲဟာ
    ဦး မစွမ်းနိုင်လောက်ပါဘူး"
"နိုး နိုး မထင်လေနဲ့ သမီး ဒီကောင်က
အတော်လျှို့ဝှက်တဲ့လူ ဘာဖြစ်ဖြစ်
ဒယ်ဒီတို့ သဘောတူညီချက်အတိုင်း လုပ်ရင်
သမီး လူကို လက်ဖျားနဲ့တောင် မထိပါဘူး
ဘယ့်နှယ့်လဲ "

   " အမယ် ဒယ်ဒီစကားတွေကလည်း
အပေါ်စီးကြီးကပါ့လား"
"အဟား သမီးကလည်း ပြော"
"သမီးမှ မကယ်ရင် ဒယ်ဒီ အောက်ခြေကပ်
တဲ့အထိ ဘဝပျက်သွားတော့မှာမလား"
"ဟော စလာပြီ၊ ဟုတ်ပါသတဲ့ဗျာ
ကိုင်း ဘယ်လိုလဲပြော ဟိုဘက်ကို
ဒယ်ဒီ သတင်းကောင်းပဲ ပို့ချင်တယ်
သမီး လူကိုလည်း အသည်းခွဲချင်တယ်
ကွက်တိဖြစ်နေတာပဲလေ နော့ ဟုတ်ဘူးလား"

"သမီးနဲ့ စေ့စပ်မယ့်သူက အဆင်ပြေပါ့မလား
ဒယ်ဒီရယ်၊ ဒယ်ဒီတို့ အမှောင်ဘက်နယ်ဘက်
ကသာဆို လူဆိုးပဲမလား အဲ့ဒီအစား ဦးကို
ယုံပေးလိုက်လို့ မရ…"

"ဟိုး မရဘူးလေ ဘယ်အချိန် ထသတ်မှန်း
မသိတဲ့ကောင်ကို ဒယ်ဒီ သမတ်မတော်ဝံ့ပေါင်"

"ဟင်း …… ခက်တော့တာပဲ လုပ်ပါလေ
ဒယ်ဒီသဘော ဒါပေမယ့် အချိန်တစ်ခုအထိ
တော့ သမီးတို့ ပျော်ပျော်နေပါရစေဦးနော်"

"တစ်ပတ်ပဲ"
"ကျေးဇူးပါ ဒယ်ဒီ"
"ဒါဆို အိုကေပြီ သွားစို့ လူကြီးတွေ
စောင့်နေကြပြီ"

   ရုတ်တရက် ဒယ်ဒီခေါ်တာက လင်ပေးစားဖို့
တဲ့လေ။ ညှိုနှိုင်းခဲ့ပြီးသားမို့ ဒယ်ဒီစကားကို
မလွန်ဆန်နိုင်။

Love + Love [Normal Fiction]Where stories live. Discover now