Zawgyi
ဟော်ရှရဲ့အစ်ကိုကရှေ့နေကွဆိုသည့် အွန်လိုင်းအကောင့်ကနေ ပိုစ့်တင်လာသည်ကို မြင်လိုက်ကြပေမယ့် သူတို့ဟာ ပထမကဘာရယ်မဟုတ် သိပ်စိတ်မဝင်စားကြပေမယ့် လူဆိုတဲ့အမျိုးဟာ စပ်စုတတ်သည့်ဗီဇက ပါတတ်ကြတော့ ဗီဒီယိုဖိုင်ထဲကို ဝင်ကြည့်ကြတော့သည်။ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ခေါင်းစဉ်မျိုးစုံဖြင့် ရေးသားကာ အွန်လိုင်းပေါ် စဖြန့်ချီတော့သည်၊
အံ့သြစရာအဖြစ်အပျက်ဟာ လူများစွာကို ဆွံ့အသွားအောင် ဖန်တီးပေးနိုင်သည်။ဗီဒီယိုဖိုင်ထဲတွင် ကျောင်းသားတစ်ဦးဟာ လော့ရှန်ဟွာဆိုသည့်လူငယ်လေးရဲ့နာမည်ကိုရွတ်ကာ ဖျက်စီးပစ်မယ်လို့ ပြောဆိုနေရင်း မှန်ရိပ်မှာထင်ပေါ်သည့် မျက်နှာအမူအရာနဲ့ ထိုဆိုးဝါးလှသည့်စကားနဲ့ဟာ တကယ်ကိုလိုက်ဖက်နေတော့သည်။ဒါတင်မကဘူး ထိုကျောင်းသားဟာ လူတွေကို အရူးလုပ်ရသည်ကို ပျော်ရွှင်နေပုံပေါက်သေးသည်။
ထိုအကြောင်းဟာ ကျောင်းဖိုရမ်ထိပါ တက်လာပြီး လူများစွာဟာ သူတို့မျက်လုံးသူတို့မယုံကြည်နိုင်ဖြစ်နေကြတော့သည်။ဘာပဲဖြစ်ဖြစ် ဟန်စုမင်ဆိုသည့်ကျောင်းသားဟာ ကျောင်းစတတ်တည်းက သူ့ရဲ့ရိုးသားသည့်အမူအရာ၊နာခံတတ်ကာ ကြင်နာတတ်သည့်အပြုအမူတွေကြောင့် လူသိများပြီး သူငယ်ချင်းပေါ်ကို အနစ်နာခံတတ်တာကြောင့် စီနီယာကျောင်းသားများကြားမှာပင် ဂျူနီယာနတ်သားလေးဟု ကျော်ကြားနေသေးသည်။
အခုတော့ အရာအားလုံးဟာ အလိမ်ညာတွေပေါ့၊များစွာသောလူတွေရဲ့မှတ်ချက်တွေဟာ တက်လာတော့သည်။ဒါပေမယ့် မှတ်ချက်အများစုက ဟန်စုမင်ကို မကောင်းပြောထားကြပြီး အနည်းစုကတော့ ဟန်စုမင်ဘက်က ကူပြောပေးနေကြတော့သည်။
ဟန်စုမင်တစ်ယောက် ရုတ်တရက်စာစောင်တွေဝင်လာတာကြောင့် ဖွင့်ကြည့်လိုက်တော့ ထိုဗီဒီယိုဖိုင်ကို မြင်ပြီးနောက်မှာ သူအရမ်းကိုကြောက်လန့်သွားတာကြောင့် ချက်ချင်း သူ့ရဲ့အစ်ကိုကို လှမ်းဖုန်းဆက်ကာ အကျိုးအကြောင်းပြောကို ငိုယိုပြောဆိုတော့သည်။
"ကိုကို... အဲ့တုန်းက စုမင်... အရမ်းဒေါသထွက်ပြီး...ပြောမိတာ...အဟင့်...ကိုကို...စုမင်ကို... ကူညီပါဦး" ဟန်စုမင် သူ့ရဲ့ပါးပြင်မှာ အဆက်မပြတ်စီးကျနေသည့်မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ရင်း သနားစရာကောင်းသည့်အသံလေးနဲ့ပြောနေတော့သည်။

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ