Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)

12.2K 1.4K 23
                                    

Zawgyi

လော့ရှန်ဟွာတစ်ယောက်ကတော့ ဟန်စုမင်အတွေးတွေကို စိတ်မဝင်စားပေ သူဟာ စာအုပ်နဲ့ဖုံးကာ laptopအသေးစားကို အသုံးပြုရင်း လီအိမ်တော်နဲ့ပတ်သတ်သည့်အကြောင်းအရာများကို ရှာဖွေနေခြင်းဖြစ်သည်၊ဟန်ပိုင်နဲ့လီမိန့်မိန့် လမ်းခွဲလိုက်သည့်အကြောင်းရင်းဟာ သူ့ကိုအနည်းငယ်တုန်လှုပ်သွားစေပေမယ့် အရမ်းကြီးအာရုံစူးစိုက်သွားနိုင်တဲ့အထိတော့မဖြစ်ပေ၊အခု သူစိတ်ဝင်စားနေသည်ဟာ ဟန်ပိုင်လို အလယ်လတ်တန်းစားလူတစ်ယောက် ကုန်တိုက်ကြီးဖွင့်လှစ်ကာ အုပ်ချုပ်နိုင်မည့်နောက်ခံမရှိသလို၊ထိုဒေါသကြီးကာ မောက်မာသည့်ဟန်ပိုင်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ထိုကုန်တိုက်ကို ထူထောင်နိုင်မည်မဟုတ်ပေ၊လီမိန့်မိန့်နဲ့သာ လမ်းမခွဲထားဘူးဆိုရင် လီမိန့်မိန့်နောက်ခံကြောင့်ဟု သူတွေးမိမှာအမှန်ပေ၊ဒါပေမယ့် ထိုလိုမဟုတ်သည့်အခါမှာတော့ ဟန်ပိုင်ဟာ ထိုကုန်တိုက်ကို ဘယ်သူ့နဲ့နောက်ခံဖြင့် အုပ်ချုပ်နေတာလဲ၊

ဒါပေမယ့် သူဆက်တွေးမနေတော့ဘဲ  စတော့ရှယ်ယာဈေးကွက်အတွင်းဝင်ရောက်ကြည့်ရှုတော့သည်၊စီးပွားရေးရှင်များဟာ စတော့ရှယ်ယာကစားရသည်ကို ကြိုက်နှစ်သက်ကျပေမယ့် လော့ရှန်ဟွာကတော့ ထိုစီးပွားအရှင်းရှင်တွေကို ပြန်ကစားရသည်ကို ကြိုက်နှစ်သက်ခဲ့သည်၊ဒါပေမယ့် အခုတော့ ကျောင်းသားတစ်ယောက်ရဲ့ဝင်ငွေဖြင့် ဘာမှလုပ်မရသေးတာကြောင့် သူဟာ ငွေဘယ်လိုရှာရန် အဖြေထုတ်နေတော့သည်။

ပရိဘောဂလုပ်ငန်းကနေ အခြေချရမလား၊မဖြစ်ဘူး ပရိ​ဘောဂလုပ်ငန်းဟာ လူထုကြားထိုးဖောက်နေပေမယ့် ထင်သလိုမဟုတ်ပေ၊အစားအသောက်လုပ်ငန်းရော၊အဲ့တာကျတော့ အသိရှိမှ အဆင်ပြေလိမ့်မည်၊အိမ်ခြံမြေယာလုပ်ငန်းဟာ အရမ်းစွန့်စားရလိမ့်မည်၊သူ့ရဲ့လက်ထဲရှိ ဝင်ငွေဖြင့်လည်း လောက်ငှမည်မဟုတ်ပေ၊ သူ ဘာလုပ်သင့်လဲ၊

ထိုအချိန်တွင် သူရဲ့laptopမျက်နှာပြင်တွင်ရှေးဟောင်းသုတေတနအဖွဲ့ကနေ ကျင်းပသည့်လေလံပွဲဆီကို အကြည့်ရောက်သွားတော့သည်၊

'ရှေးဟောင်းအမွေအနှစ်...'

[Moon:တစ်ခုခုတွေးမိလို့လား]  Moonစကားကြောင့် လော့ရှန်ဟွာခေါင်းညိတ်လိုက်ပြီး သူဟာ ဘောပင်နဲ့ ခုံကိုတတောက်တောက်လုပ်ရင်း

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now