Chapter -40(Unicode /Zawgyi)

12.1K 1.3K 32
                                    

Unicode

လော့ရှန်ဟွာ သူ့ဆီဝင်လာသည့်စာအများစုဟာ တောင်းပန်စာများဖြစ်ပြီး အချို့ကတော့ သူ့ကို tagထားပြီး အချို့ကတော့ mentionထားကြသည်ကို​တွေ့လိုက်ရသည်။

ဒါကြောင့် ခုနက ထန်းဟော်ရှပြောသည့်ကိစ္စကို သွားကြည့်လိုက်တော့ သူမျက်ခုံးတစ်ချက်ပင့်သွားတော့သည်။ဒီသခင်ကြီးက မင်းသားမလုပ်ဘူး ဘုရင်ကွဆိုသည့် ကုဖုန်းမော့ရဲ့အကောင့်ကနေ ဖြေရှင်းချက်များကို တန်းစီတင်ထားသည်ကို တွေ့လိုက်ရသည်။ပထမတစ်ချက်ဟာ လွန်ခဲ့တဲ့လဝက်ကျော်ကဖြစ်ခဲ့သည့်ကျောင်းသားငါးယောက် ကျောင်းပြိုင်ထုတ်ခံလိုက်ရသည်နဲ့ပတ်သတ်ပြီးဖြေရှင်းထားခြင်းဖြစ်သည်။

ထိုကျောင်းသားငါးယောက်လုံးဟာ လော့ရှန်ဟွာ၊ဟန်စုမင်နဲ့နှစ်တူ၊အတန်းတူကျောင်းသားများဖြစ်ပြီး လော့ရှန်ဟွာကို အမြဲတစေအနိုင်ကျင့်ကျသည့်ကျောင်းသားများဖြစ်သည်။အကုန်လုံး လော့ရှန်ဟွာကို လော့အိမ်တော်ကမှန်းမသိခဲ့တာကြောင့် မိဘမဲ့ကျောင်းသားတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်သည်ဟု အပေါ်ယံသာထင်ခဲ့ကျသည်။ဒါပေမယ့် လော့ရှန်ဟွာနဲ့ထိုငါး​ယောက်​ရန်ဖြစ်ပြီတိုင်း ဟန်စုမင်ဟာ အမြဲပေါ်လာပြီး တားဆီးတတ်သည်။ထိုငါးယောက်ဟာလည်း လော့ရှန်ဟွာကို ဆက်အနိုင်မကျင့်တော့ဘဲ ထွက်ထွက်သွားပြီး ဟန်စုမင်ကိုတော့ ဘာတုန့်ပြန်မှုမှ မလုပ်ပေ၊ ဒီအကြောင်း ကုဖုန်းမော့ဟာ CCTVနဲ့ပြသကာ ပြောထားသည်။CCTVထဲမှာ ထိုငါးယောက်ဟာ တကယ်ကိုပင် ဟန်စုမင်ကို ဘာမှမလုပ်ဘဲ မသိရင် ပြဇာတ်တိုက်ထားသလိုပင်၊ရှင်းရှင်းပြောရရင် ဟန်မျိုးရိုးဟာ အဲ့လောက်ထိဟိတ်ကြီးဟန်ကြီးကြောက်ရသည့်မျိုးနွယ်တွေထဲမဝင်သလို၊ထိုငါးယောက်ထဲက တစ်ယောက်ရဲ့အဖေဆိုရင် ဟန်စုမင်အဖေထက်ပင် ရာထူးမြင့်မားသေးသည်။

နောက်တစ်ခုဟာ ဟန်စုမင်ရဲ့အစ်ကို ဗီဒီယိုကိုအတုပါဟု ချပြထားသည့်ကိစ္စကို ပြန်ဖြေရှင်းထားခြင်းဖြစ်သည်။ကုမိသားစုဟာ နည်းပညာအပိုင်းမှာ နာမည်ကြီးတာကြောင့် ထိုကိစ္စနဲ့ပတ်သတ်အဖြေတန်းထုတ်ရင် အချိန်မိနစ်အနည်းငယ်သာ​ပေးရသည်။ဒါ​ကြောင့် ဗီဒီယိုဟာ အစစ်ဖြစ်ကြောင်း သက်သေအတိအကျနဲ့ဖော်ထုတ်လာပြီး နောက်ထပ်ပိုစ့်ကတော့ ကုဖုန်းမော့ဟာ ဟန်စုမင်နဲ့ပတ်သတ်ပြီး ရှင်းပြထားခြင်းဖြစ်သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now