Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)

12.6K 1.3K 26
                                    

Unicode

လော့ရှန်ဟွာတစ်ယောက်ကတော့ အေးချမ်းစွာပင် သူ့ဒယ်ဒီဟာ အကြောင်းစုံသိသွားကာ သူ့ကို လာခေါ်မည့်အကြောင်းကို အကြောင်းကြားလာတော့သည်၊ပုံမှန်ဆို ကျောင်းကခွင့်မပြုပေမယ့် ဖြစ်ပျက်နေသည့်ပြသာနာတွေကြောင့် လော့ရှန်ဟွာဟာ အုပ်ထိန်းသူနဲ့နေသင့်ကြောင်းဟု ဆုံးဖြတ်ကာ ကျောင်းခွင့်ရက်ပင် ပေးလာတော့သည်။ဒါကြောင့် သူ့ဒယ်ဒီရဲ့သက်တော်စောင့်များ လာခေါ်သည့်ချိန်မှာ ထန်းဟော်ရှကို နူတ်ဆက်ကာ သွားချင်ပေမယ့် ထမင်းစားချိန်တည်းကာ ပြန်မရောက်လာသေးတာကြောင့် ဖုန်းနဲ့messageသာ ပို့လိုက်သည်။

လော့ရှန်ဟွာ ကားထဲရောက်တော့ သူ့ဒယ်ဒီဟာ အပေါ်ကုတ်ကို ချွတ်ထားကာ Shirtအင်္ကျီအဖြူရောင်အကြပ်ကြောင့် သူ့ဒယ်ဒီရဲ့သန်မာသန်စွမ်းသည့်ယောကျာ်းခန္ဓာကိုယ်ကိုပေါ်လွင်နေတာကြောင့် လော့ရှန်ဟွာ အကြည့်မခွာနိုင်ဖြစ်နေတော့သည်။

'ဒယ်ဒီက တကယ် Perfect ဆိုတဲ့စကားလုံးနဲ့မွေးလာတဲ့သူပဲ'

"မဝင်ပဲ ဘာရပ်ကြည့်နေတာလဲ" လော့ကျန်းပေ့ သူ့ရဲ့အနက်ရောင်ပိုးသားနက်ကတိုင်ကို အနည်းငယ်ဖြည်လိုက်ရင်း ကားထဲမဝင်သေးဘဲ ရပ်ကြည့်နေသည့်သူ့ကလေးငယ်ကို မေးလိုက်သည်။ထိုအခါမှ ပြာသလဲလဲနဲ့ဝင်ထိုင်လာတော့သည်။

"ဒယ်ဒီ ဒီနေ့ဘာလို့ စောစောလာကြိုတာလဲဟင်" လော့ရှန်ဟွာဟာ ကျောင်းကကိစ္စကြောင့် သူ့ဒယ်ဒီရောက်လာတာသိပေမယ့် မသိသလိုမေးလိုက်သည်။သူ့ဒယ်ဒီက သူ့ကိုစိုးရိမ်ပေးသည့်ပေါ်ကိုတော့ ပျော်ရွှင်မိတာ အမှန်ပေ၊

"ဒီနေ့ ဒယ်ဒီတို့ အပြင်ထွက်စားကြမယ်" လို့ လော့ကျန်းပေ့ဟာ ပြောလိုက်ရင်း သူရဲ့ကားဒရိုင်ဘာကို 'Italiano' စားသောက်ဆိုင်ကို မောင်းရန် စေခိုင်းလိုက်သည်။

Italiano စားသောက်ဆိုင်အကြောင်းကို လော့ရှန်ဟွာကြားဖူးသည်။ထိုစားသောက်ဆိုင်က ကြယ်ငါးပွင့်အဆင့်မြှင့်ဟိုတယ်နဲ့တွဲဖက်ဖွင့်လှစ်ထားပြီး  ဈေးကြီးကာ လူကုံထံအသိုင်းအဝိုင်းများသာ လာရောက်စားသောက်နေသည့် စားသောက်ဆိုင်ဖြစ်သည်။သူ့အဘိုးရှိစဉ်ကာလတုန်းကတော့ ဒုတိယလီအိမ်တော်နဲ့ဆိုင်သည့်ကိစ္စများကို ရှယ်ယာရှင်များဖြင့် ဆွေးနွေးရန် ထိုစားသောက်ကို မကြာခဏလာတတ်ပေမယ့် သူ့အဘိုးမရှိတော့သည့်နောက်မှာ သူ့အနေနဲ့ အလုပ်နဲ့လက်မခွာနိုင်အောင်ဖြစ်နေတာကြောင့် ဒီလိုနေရာမျိုးကိုမလာနိုင်တော့ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now