❤️ဝီစကီ❤️

43.7K 2.9K 1.3K
                                    

အချစ်ကဆိုးတယ်.........။

အချစ်က ဝီစကီတစ်ခွက်လိုပဲ.............။

.........................။
သေတ္တာကိုဆွဲဖွင့်လိုက်တဲ့အခါရွှေရောင်တောက်ပနေသောရတနာတွေ.....။မျက်နှာတစ်ဝက်မျက်နှာဖုံးအနက်
တပ်ထားသောတာကြောင့် အလွန်အရောင်တောက်ပ
သွားမယ့်မျက်လုံးတွေကိုတော့မမြင်ရနိုင်ပေမယ့်
ဖူးကြွအရိုင်းဆန်သောနှုတ်ခမ်းတို့တော့
ကွေးညွှတ်သွားသည်ကိုတော့မြင်နိုင်သည်။

အနက်ရောင်Leather လက်အိတ်စွတ်ထားသော
လက်ချောင်းတွေဖြင့်ရတနာတွေကိုတစ်ခုခြင်း
ကြည့်ကာ နှုတ်ခမ်းတွေသည် ပ်ိုပိုကွေးညွှတ်လာသည်။

အကုန်အစင်အိတ်ထဲထည့်ကာ အလျှင်အမြန်
လှုပ်ရှားပြီးတဲ့နောက် အိမ်ကြီး၏ပြတင်းပေါက်မှ
တဆင့်သွက်လက်စွာ ထွက်ခွါရန်ပြင်ဆင်တော့သည်။

"အကုန်အရည်ဖျော်ပြီး တကိုယ်လုံးရွှေကွပ်
ပစ်မယ်......"

ပြတင်းပေါ်ကခုန်ချပြီးတဲ့အခါ အမှောင်ရိပ်ကို
အားကိုးလျှက် အရိပ်လိုပင်သူကမြန်ဆန်လွန်းပါ
သည်။ခြံအပြင်သို့တဖြည်းဖြည်းရောက်အောင်
ထွက်ပြီး စီးတော်ယဉ် နောက်ဆုံးအင်ဂျင် ကားဆီ
သို့အကူးအပြောင်း တစ်စုံတစ်ခုကမှားယွင်းသွား
ခဲ့ကြောင်း သိလိုက်ရသည်။

လင်းထင်းနေသော မီးရောင်ကြီးသည်
ရွှေထုတ်ကြီးကျောပိုးထားသောသူ့အပေါ်
ရုတ်တရက်ဖြာကျလာကာ ကျက်သရေမရှိဆုံးသော
Uniform လူများအယောက် ရာကျော်ဗြုန်းခနဲ
ပေါ်လာကြသည်။

"သောက်တလွဲပဲ!!!!!"

"လက်နက်ချပါ....."

ဘဝင်မြင့်သွားရလောက်တဲ့အထိ တောင်ကိုရီးယား
တစ်နိုင်လုံးရှိရဲတပ်ဖွဲ့တွေအကုန်ရောက်နေသလို
အင်အားကြီးချက်....။
ဖမ်းမှာက ပိန်လျလျ ခပ်HotHot နာမည်အလွန်ကြီး
သူခိုးလေးကို.....။

ဘယ်နေရာကလွဲချော်သွားသလဲတော့မသိ...။
ဒီလမ်းကြောင်းတွေ ရှင်းမရှင်း ဘာလုပ်ရမလဲ
ဆိုတာ ကြည့်ရှုစောင့်ကြည့်နေရမည့် Hacker
နှင့် အဆက်အသွယ်ရရန် နားထဲက နားကျပ်လေးကို
အသက်ဝင်စေသည်။
ပြောတော့ရှင်းတယ် သွားဆိုပြီး...ခုတော့ရဲအယောက်
တစ်ရာလောက်ပတ်ပတ်လည်မှာ....။
Hackerကိုဆက်သွယ်၍မရတော့.....။

🤍Oneshot🤍Where stories live. Discover now